Connect with us

Hi, what are you looking for?

News

တနင်္သာရီတိုင်း၊​ မေတ္တာမြို့နယ်ခွဲတွင် စစ်​ကောင်စီနှင့် ​ဒေသခံPDF များတိုက်ပွဲဖြစ်ပွား​နေ

ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲရှိ မြင်းမတ်တပ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းကတည်းက စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

●စစ်​ကောင်စီနှင့်KNU တပ်မဟာ၄ကြားစစ်​ရေးတင်းမာ

တနင်္သာရီတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှယ​မန်နေ့မှစ၍ စစ်​ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွား​နေသည်။ထို့အပြင် အဆိုပါ​ဒေသမှာပင်စစ်​ကောင်စီတပ်နှင့်KNU တို့ကြားစစ်ရေးတင်းမာနေ​ကြောင်း ဒေသခံများက​ပြောသည်။

ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲရှိ မြင်းမတ်တပ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းကတည်းက စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်တွေ သာလွန်အင်အားတွေနဲ့ ရွာတွေကို စစ်ကြောင်းထိုးနေတာ၊ လက်နက်ကြီးတွေလဲပစ်နေတယ်။ အခုညပိုင်းအထိ ပစ်လိုက်၊နားလိုက်ပစ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ခေါင်တိုင်ပြင်၊ မြင်းခန်တီ၊ သစ်ကတိုးရွာများကို အင်အား ၃၀၀လောက်ဖြင့် စစ်​ကောင်စီတပ်ကစစ်ကြောင်းထိုးနေခြင်းဖြစ်​ကြောင်း ၎င်းကဆက်​ပြောသည်။ KNU တပ်မဟာ ၄ ကလည်း စစ်​ကောင်စီတပ်မှနယ်မြေ ကျော်လွန်ပြီး၎င်းတို့နယ်​မြေသို့ဝင်လာပါက ပစ်ခတ်တိုက်ခိုက်ရန် အဆင့်သင့်အနေအထားဖြစ်နေသည်ဟုလည်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့်နီးစပ်​သောဒေသခံက​ပြောသည်။

ယနေ့မနက်ပိုင်းတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်အထိခိုက် မသိရသေးဟု ဒေသခံများထံမှ သိရသည်။ လက်ရှိချိန်တွင် ထားဝယ်မြို့ပေါ်တွင် လူငယ်လူရွယ်များကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

တနင်္သာရီတိုင်းကို အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်လာရောက်ပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားသုံးတိုက်ခိုက်​နေသည်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးရာနေရာများသည် တနင်္သာရီတိုင်းအတွင်းရှိ အကြီးဆုံး သတ္တုတွင်းဖြစ်သည့်ဟန္ဒားသတ္တုတွင်းနှင့် မြန်မာ-ထိုင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာတလျှောက်ရှိကျေးရွာများရှိရာဖြစ်သည်။ သတ္တုတွင်း တည်ရှိရာ မြင်းခန်တီရွာတွင် အကြမ်းဖက်စစ်ကောင်စီကတပ်စွဲထားသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲများ​ကြောင့်ခေါင်တိုင်ပြင်၊ မြင်းမတပ်၊ ပိန္နဲချောင်း၊ မြေးခန္တီ၊ ဟာမြင်းကြီး ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook