Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲကိစ္စ သံဃာတော်များထံချဥ်းကပ်သည့်စစ်ကောင်စီ၏လုပ်ရပ် လူမိုက်ငှားခြင်းသာဖြစ်ဟု မန္တလေးသံဃသမဂ္ဂဆရာတော်များမိန့်ကြား

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများဆိုင်ရာ လေ့လာ စမ်းစစ်တွေ့ရှိချက်များခေါင်းစဥ်ပါ စာအုပ် ၁၅,၀၀၀ကို သံဃာတော်များနှင့် စာသင်တိုက်များထံ ဆက်ကပ်ရန် ဆိုကာ ဇန်နဝါရီ ၁၁ ရက်ရက်စွဲဖြင့် စစ်ကောင်စီက စာထုတ်ထားသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရဟန်းသံဃာတော်များထံ ချဥ်းကပ်လာသည့် စစ်ကောင်စီ၏လုပ်ရပ်မှာ သံဃာတော်များအားလူမိုက်ငှားခြင်းသာဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်များက မိန့်ကြားသည်။

စစ်ကောင်စီမှ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသာမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် လေ့လာ စမ်းစစ်ချက်စာအုပ်များ သံဃာတော်များထံ လိုက်လံဆက်ကပ်နေသည့်လုပ်ရပ်အပေါ်သံဃသမဂ္ဂ(မန္တလေး)မှ အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“စကစ ကရဟန်းသံဃာတွေကို အသုံးချပြီး ပြည်သူကို စည်းရုံးပေးပါဆိုတဲ့ သဘောပါပဲ။ရွေးကောက်ပွဲဥပဒေမှာ ရဟန်းသံဃာနဲ့ သီလ ရှင်တွေ မဲပေးခွင့်မရှိစေရဆိုတဲ့ ဥပဒေပြဌာန်းထားတဲ့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သတ်တာ မဲပေးတာတွေဟာ ရဟန်းသံဃာတွေနဲ့ ဘယ်လိုမှ ပတ်သတ်စရာအကြောင်းမရှိဘူး။ ဘုန်းကြီးတွေ ကို လူမိုက်ငှားတဲ့ လုပ်ရပ်၊ ပြည်သူနဲ့ ရန်တိုက်ပေးတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်”ဟု သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများဆိုင်ရာ လေ့လာ စမ်းစစ်တွေ့ရှိချက်များခေါင်းစဥ်ပါ စာအုပ် ၁၅,၀၀၀ကို သံဃာတော်များနှင့် စာသင်တိုက်များထံ ဆက်ကပ်ရန် ဆိုကာ ဇန်နဝါရီ ၁၁ ရက်ရက်စွဲဖြင့် စစ်ကောင်စီက စာထုတ်ထားသည်။

Public Service Announcement

Public Service Announcement

“ခေတ်တိုင်းစနစ်တိုင်းမှာ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ကပ်ပါးကောင်တွေဆိုတာ ရှိတတ်စမြဲပါပဲ။ စစ်အာဏာ ရှင်အစိုးရအဆက်ဆက်တိုင်းမှာလည်း နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဘာသာရေးကို အသုံးချလေ့ရှိပါတယ် မြန်မာနိုင်ငံမှာ သံဃာအများစုက နိုင်ငံရေးကို ထဲထဲဝင်ဝင် မလေ့လာမသိရှိကြတဲ့အတွက် အသုံးချခံဘဝတွေကို အလွယ်တကူရောက်ရှိသွားကြပါတယ်”ဟု သံဃသမဂ္ဂ(မန္တလေး)မှ ဦးဆောင်ဆရာတော်က မိန့်ကြားသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ရဟန်းသံဃာများအား ရိုက်နက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းအပါအဝင် တစ်နိုင်ငံလုံးအား မီးလောင်တိုက်သွင်းနေသည့် လူ့တိရစ္ဆာန်များကို ထောက်ခံအားပေးနေခြင်းမှာ ပြည်သူ့ဆွမ်းကိုစားပြီး ပြည်သူအပေါ်ကျေးဇူးကန်းသည့်လုပ်ရပ်ဟု ရှူ့မြင်ကြောင်း ၎င်းက ဆက်လက် မိန့်ကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

Facebook