Connect with us

Hi, what are you looking for?

News

လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ ၊ ဒီလဇန်နဝါရီလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့

NUG ကတော့ စစ်ကောင်စီဟာ လေတပ်ရှိတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ပြောထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လေကြောင်းကနေ တိုက်ခိုက်မှု တွေကို မြို့နယ်ပေါင်း ၂၆ မြို့နယ်မှာ လုပ်ဆောင်ခဲ့ပြီး ဒီနှစ်ဆန်းပိုင်းမှာတင်လေကြောင်း တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းလွှာ မှာဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီဟာလေကြောင်းကနေ ၁၅ ကြိမ်တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကို စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ကရင်နီပြည် တို့ မှာလုပ်ခဲ့တာပါ။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာတော့ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်မှု တွေကို ပိုလုပ်ဆောင်လာတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ လလယ်အထိမှတ်တမ်းတွေအရ လေကြောင်းက တိုက်ခိုက်မှုဟာ ၁၉ ကြိမ်ရှိခဲ့ပြီး စစ်ကိုင်း ၊ ကရင်နဲ့ကရင်နီပြည်တို့ ပါဝင်ကာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဟာ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။

NUG ကတော့ စစ်ကောင်စီဟာ လေတပ်ရှိတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ပြောထားပါတယ်။

ဒီလိုလေကြောင်းကတိုက်ခိုက်မှုတွေကြောင့်အရပ်သားပြည်သူတွေသေကျေတာ ၊ အိုးအိမ်တွေပျက်စီးတာ နဲ့ဘာသာရေးအဆောက်အအုံတွေထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။