Connect with us

Hi, what are you looking for?

News

အ​မေရိကန်ချက်ဗရွန်ကလည်း ရတနာသဘာဝဓါတ်​ငွေ့စီမံကိန်းမှနှုတ်ထွက်မည်ဟု ကုမ္ပဏီ​ပြော

အမေရိကန်ကုမ္ပဏီ Chevronနည်းတူ ပြင်သစ်ကုမ္ပဏီ Totalကလည်း မြန်မာပြည်ရှိ စီမံကိန်းများမှ နှုတ်ထွက်ကြောင်းယနေ့ပင် ကြေညာခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီအတွက် ကြီးမား​သောဆုံးရှုံးမှုဟု NUG လူအခွင့်အ​ရေးဝန်ကြီးသုံးသပ်

အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron ကော်ပိုရေးရှင်းက မြန်မာနိုင်ငံက ရတနာသဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်မှနှုတ်ထွက်နိုင်ရန် စီမံချက်ချလုပ်ကိုင်နေသည်ဟု ယနေ့ ရိုက်တာသတင်းတွင်ဖော်ပြထားသည်။

“မြန်မာနိုင်ငံရဲ့အခြေအနေအရ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းအပေါ် အကျိုးစီးပွားကို ပြန်လည်သုံးသပ်ထားပါတယ်။ ဒီနိုင်ငံကနေ ထွက်ဖို့ အစီအစဉ်ချပြီး စနစ်တကျ လွှဲပြောင်းပေးဖို့လုပ်နေပါတယ်”ဟုအမေရိကန်ရေနံကုမ္ပဏီပြောခွင့်ရ ပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနသို့​ပြောသည်။

အမေရိကန်ကုမ္ပဏီ Chevronနည်းတူ ပြင်သစ်ကုမ္ပဏီ Totalကလည်း မြန်မာပြည်ရှိ စီမံကိန်းများမှ နှုတ်ထွက်ကြောင်းယနေ့ပင် ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

“ရေနံနဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေကို အိပ်ကပ်ထဲထည့် ကိုယ်ကျိုးအတွက်သုံးပြီး ပြည်သူတွေကို သတ်ဖြတ်ဖို့ လက်နက်တွေဝယ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် တိုတယ်နဲ့ ရှဲဗရွန် ရေနံကုမ္ပဏီကြီး နှစ်ခုက မြန်မာပြည်ကနေထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီငွေတွေကိုမျှော်ကိုးရင်း ပြည်သူတွေအပေါ် စစ်အင်အားနဲ့ခြိမ်းခြောက်ချုပ်ကိုင်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကောင်စီအတွက်တော့ ကြီးမားတဲ့ဆုံးရူံးမှုဖြစ်ပါတယ်။”ဟု အမျိုးသားညီညွတ်မူရေးအစိုးရ(NUG), လူအခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ လူမူကွန်ရက်တွင်ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း လူအခွင့်အရေးချိုးဖောက်မူများ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်မူကြောင့် စစ်ကောင်စီကို အဓိကငွေကြေးထောက်ပံ့နေသည့် နိုင်ငံတကာရေနံကုမ္ပဏီများကို ပြည်တွင်းမှနှုတ်ထုတ်ရန် လူထုကဆက်တိုက်တောင်းဆိုနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်း ရေလမ်းကြောင်းတွေရဲ့ လုံခြုံရေး အာမခံချက်ကို အမေရိကန်က ဖြည့်ဆည်းပေးနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဆက်ဆံရေးဟာ အရမ်း ခိုင်မာအားကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။