အကောင်းဆုံးလက်တုန့်ပြန်သွားမည်ဖြစ်ပြီး ပြည်သူများ စစ်ရေးသတိရှိကြရန်တိုက်တွန်း
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၏ တပ်ခွဲစခန်းနှစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း PRA ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။
ဇန်နဝါရီ ဒုတိယပတ်ကစ၍ မကွေးတိုင်း မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင် အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးမှုအတွက် စခန်းအချို့ ဆုတ်ခွာပေးခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“တပ်ခွဲ-၁၉ နှင့် တပ်ခွဲ-၂၁ စခန်း နှစ်ခုပါဗျ။ အဓိကတော့ ရဲဘော်တွေဘအထိအခိုက် မရှိစေချင်သေးဘူး။ကျွန်တော်တို့ အချိန်ရယ်၊ အရှိန်ရယ်ယူနေတယ်ပဲ ပြောပါရစေ”ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

Public Service Announcement
ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) အနေဖြင့် အကောင်းဆုံးလက်တုန့်ပြန်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း တိုက်တွန်းသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယခုလ မှစတင်ကာ ဒေသခံ ပြည်သူ့တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းများကို အင်အာစအလုံးအရင်းဖြင့် စီးနင်းမှုများရှိနေပြီး လေကြောင်းပစ်ကူများဖြင့်ပါ လူနေကျေးရွာများပါ မရှောင်ပစ်ခတ်နေသည်။


















































