Connect with us

Hi, what are you looking for?

News

ရေဦးနှင့်ဆက်သွယ်ထားသည့် လမ်းမကြီးသုံးခုကို ညပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ရေးဦးပ.က.ဖ ထုတ်ပြန်

အဆိုပါလမ်းမကြီးများမှာ ရေဦး-မုံရွာလမ်း၊ ရေဦး-တန့်ဆည်-ကလေးဝလမ်းနှင့် ရေဦး-တမတော-ကံထူးမလမ်းတို့ဖြစ်ပြီး ကုန်စည်များပို့ဆောင်နေသည့် မည်သည့်ကားအမျိုးအစားမဆို သတ်မှတ်ချက်အား လိုက်နာကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

People's Spring
People's Spring

ရေဦးမြို့နယ်နှင့် ဆက်သွယ်ထားသည့် လမ်းမကြီးသုံးခုကို ယနေ့(ဇန်နဝါရီ ၂၂)မှစပြီး ည ၇ နာရီမှ နံနက် ၆နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)မှ သတိပေးချက် ထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းမကြီးများမှာ ရေဦး-မုံရွာလမ်း၊ ရေဦး-တန့်ဆည်-ကလေးဝလမ်းနှင့် ရေဦး-တမတော-ကံထူးမလမ်းတို့ဖြစ်ပြီး ကုန်စည်များပို့ဆောင်နေသည့် မည်သည့်ကားအမျိုးအစားမဆို သတ်မှတ်ချက်အား လိုက်နာကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

လိုက်နာရမည့် စည်းကမ်းချက်များတွင် ည ၇နာရီမှ နံနက် ၆နာရီအတွင်း သတ်မှတ်လမ်းမကြီးများအား ဖြတ်သန်းသွားလာခြင်း မပြုရန်၊ ဖြတ်သန်းမောင်းနှင်ချိန်အတွင်း၌လည်း ကားနောက်ပိုင်းကိုယ်ထည်ကို မိုးကာများ၊ အခြားနည်းများဖြင့် ဖုံးအုပ်ထားခြင်း လုံးဝမပြုလုပ်ရန် စသည်တို့ ပါဝင်သည်။

ထို့အပြင် ယခုထုတ်ပြန်ချက်သည် ဇန်နဝါရီ ၂၂ ရက် (ယနေ့)ည ၇ နာရီတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ကြေညာချက်ကို ပြန်လည်ရုတ်သိမ်းကြောင်း ထပ်မံကြေညာချက်၊ ပြင်ဆင်ကြောင်းကြေညာချက် မထုတ် ပြန်သည်အထိ လိုက်နာရမည်ဖြစ်ကြောင်း က.ပ.ဖ ရေဦးမှ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)ကဒီနေ့(အောက်တို ဘာ ၂၁ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဆီဆုံကျေးရွာမှ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးရှိ စျေးဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ် ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ ၅ ဦးထက်မနည်းဒဏ်ရာရ