Connect with us

Hi, what are you looking for?

News

ရေဦးနှင့်ဆက်သွယ်ထားသည့် လမ်းမကြီးသုံးခုကို ညပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ရေးဦးပ.က.ဖ ထုတ်ပြန်

အဆိုပါလမ်းမကြီးများမှာ ရေဦး-မုံရွာလမ်း၊ ရေဦး-တန့်ဆည်-ကလေးဝလမ်းနှင့် ရေဦး-တမတော-ကံထူးမလမ်းတို့ဖြစ်ပြီး ကုန်စည်များပို့ဆောင်နေသည့် မည်သည့်ကားအမျိုးအစားမဆို သတ်မှတ်ချက်အား လိုက်နာကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

People's Spring
People's Spring

ရေဦးမြို့နယ်နှင့် ဆက်သွယ်ထားသည့် လမ်းမကြီးသုံးခုကို ယနေ့(ဇန်နဝါရီ ၂၂)မှစပြီး ည ၇ နာရီမှ နံနက် ၆နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)မှ သတိပေးချက် ထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းမကြီးများမှာ ရေဦး-မုံရွာလမ်း၊ ရေဦး-တန့်ဆည်-ကလေးဝလမ်းနှင့် ရေဦး-တမတော-ကံထူးမလမ်းတို့ဖြစ်ပြီး ကုန်စည်များပို့ဆောင်နေသည့် မည်သည့်ကားအမျိုးအစားမဆို သတ်မှတ်ချက်အား လိုက်နာကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

လိုက်နာရမည့် စည်းကမ်းချက်များတွင် ည ၇နာရီမှ နံနက် ၆နာရီအတွင်း သတ်မှတ်လမ်းမကြီးများအား ဖြတ်သန်းသွားလာခြင်း မပြုရန်၊ ဖြတ်သန်းမောင်းနှင်ချိန်အတွင်း၌လည်း ကားနောက်ပိုင်းကိုယ်ထည်ကို မိုးကာများ၊ အခြားနည်းများဖြင့် ဖုံးအုပ်ထားခြင်း လုံးဝမပြုလုပ်ရန် စသည်တို့ ပါဝင်သည်။

ထို့အပြင် ယခုထုတ်ပြန်ချက်သည် ဇန်နဝါရီ ၂၂ ရက် (ယနေ့)ည ၇ နာရီတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ကြေညာချက်ကို ပြန်လည်ရုတ်သိမ်းကြောင်း ထပ်မံကြေညာချက်၊ ပြင်ဆင်ကြောင်းကြေညာချက် မထုတ် ပြန်သည်အထိ လိုက်နာရမည်ဖြစ်ကြောင်း က.ပ.ဖ ရေဦးမှ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေမှာ ဆည်ရေမရလို့ ဒီနှစ် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ဒေသခံတောင်သူအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။