Connect with us

Hi, what are you looking for?

News

ABSDFနှင့် ကသာ(ပကဖ)ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ခုနစ်ထက်မနည်းသေ

တိုက်ပွဲတွင် ပူးပေါင်းအဖွဲ့မှ ရဲဘော်များထိခိုက်ကျဆုံးမှုမရှိဘဲ လုံခြုံရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခုနစ်ဦးသေဆုံးနိုင်ပြီး ဒဏ်ရာရသူများပြားကြောင်း ကသာ PDFက ထုတ်ပြန်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်းသေဆုံးနိုင်ပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ကသာမြို့နယ် နတ်လိူင်ရွာအနီးတွင် ဇန်နဝါရီ ၂၂ရက်နံနက် ၇ နာရီမှ ၉နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ၏ (၃၀၉)တပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး နတ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကလေးအပါအဝင် ပြည်သူနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲတွင် ပူးပေါင်းအဖွဲ့မှ ရဲဘော်များထိခိုက်ကျဆုံးမှုမရှိဘဲ လုံခြုံရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခုနစ်ဦးသေဆုံးနိုင်ပြီး ဒဏ်ရာရသူများပြားကြောင်း ကသာ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ABSDFနှင့် ကသာ(ပကဖ) ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၅ရက်ကလည်း ရွှေကူမှ ကသာမြို့သို့လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီးအား စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု Katha Revolution –IR က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။