Connect with us

Hi, what are you looking for?

LuduNwayOo

News

ABSDFနှင့် ကသာ(ပကဖ)ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ခုနစ်ထက်မနည်းသေ

တိုက်ပွဲတွင် ပူးပေါင်းအဖွဲ့မှ ရဲဘော်များထိခိုက်ကျဆုံးမှုမရှိဘဲ လုံခြုံရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခုနစ်ဦးသေဆုံးနိုင်ပြီး ဒဏ်ရာရသူများပြားကြောင်း ကသာ PDFက ထုတ်ပြန်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်းသေဆုံးနိုင်ပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ကသာမြို့နယ် နတ်လိူင်ရွာအနီးတွင် ဇန်နဝါရီ ၂၂ရက်နံနက် ၇ နာရီမှ ၉နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ၏ (၃၀၉)တပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး နတ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကလေးအပါအဝင် ပြည်သူနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲတွင် ပူးပေါင်းအဖွဲ့မှ ရဲဘော်များထိခိုက်ကျဆုံးမှုမရှိဘဲ လုံခြုံရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အနည်းဆုံး ခုနစ်ဦးသေဆုံးနိုင်ပြီး ဒဏ်ရာရသူများပြားကြောင်း ကသာ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ABSDFနှင့် ကသာ(ပကဖ) ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၅ရက်ကလည်း ရွှေကူမှ ကသာမြို့သို့လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီးအား စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု Katha Revolution –IR က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။