Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်ပတ်သက်သည့် ဆင်မင်းဘိလပ်မြေအိတ် ၁,၅၀၀ကို ကောလင်း(ပကဖ)ဖမ်းဆီးထိန်းသိမ်း

ဇန်နဝါရီ ၁၉ရက် နံနက်ပိုင်းတွင် ဆင်မင်းဘိလပ်မြေအိတ်၈၀၀ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ညနေပိုင်းတွင်လည်း ဆင်မင်းဘိလပ်မြေအိတ် ၇၀၀တင်လာသည့် နောက်ထပ် ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဖော်ပြထားသည်။

▪️စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်းများ ကူးသန်း ရောင်းဝယ်ခြင်းမပြုရန် သတိပေး

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် သတင်းရ၍ ရှောင်တ ခင်စစ်ဆေးရာ စစ်ကောင်စီတပ်၏ထောက်တိုင် တစ်ခုဖြစ်သည့် ဆင်မင်းဘိလပ်မြေအိတ်များ သယ်ဆောင်လာသော ယာဉ်နှစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLPDF)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၉ရက် နံနက်ပိုင်းတွင် ဆင်မင်းဘိလပ်မြေအိတ်၈၀၀ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ညနေပိုင်းတွင်လည်း ဆင်မင်းဘိလပ်မြေအိတ် ၇၀၀တင်လာသည့် နောက်ထပ် ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဖော်ပြထားသည်။

လူသာခြင်းစာနာထောက်ထားသောအားဖြင့် ယာဉ်၊ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား ပြန်လည်လွတ်ပေးခဲ့ကြောင်း၊ အဆိုပါ ပစ္စည်းပိုင်ရှင်မှာ ဒေါ်ဆောင်းလေးဆိုသူဖြစ်ပြီး နောက်နောင် တွင် စစ်ကောင်စီနှင့်ပက်သက်သော ပစ္စည်းများကိုကူးသန်းရောင်းဝယ်ခြင်းမပြုရန် အထူးသတိပေး တားမြစ်လိုက်ကြောင်း ကောလင်း(ပကဖ)က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။