Connect with us

Hi, what are you looking for?

News

ငဖဲမြို့နယ်ရှိ မစခ(၉၀၅) အမြောက်တပ်ရင်း တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်လက်အောက်ခံ အမြောက်တပ်ရင်းအား ယနေ့နံနက် ၆ နာရီ ၄၅ခန့်တွင် အဝေးပစ်စိန်ပြောင်းဖြင့် နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

မကွေးတိုင်း ငဖဲမြို့နယ်ရှိ အမြောက်တပ်ရင်းတစ်ခုဖြစ်သည့် မစခ(၉၀၅)ကို အဝေးမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ Triangle 3T PDF က ယနေ့(ဇန်နဝါရီ ၂၃) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်လက်အောက်ခံ အမြောက်တပ်ရင်းအား ယနေ့နံနက် ၆ နာရီ ၄၅ခန့်တွင် အဝေးပစ်စိန်ပြောင်းဖြင့် နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဝေးပစ် စိန်ပြောင်းလက်နက်နဲ့ နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကနဦးသတင်း ထုတ်ပြန်လိုက်ပါတယ်။ ထိခိုက်မှုသတင်းကို စုံစမ်းပြီး ဆက်လက်တင်ပေးသွားပါ့မယ်”ဟု Triangle 3T PDF က ဆိုသည်။

ထို့အပြင် Triangle 3T PDF အဖွဲ့သည် ယမန် နေ့(ဇန်နဝါရီ ၂၂)ည ၈ နာရီကျော်ကလည်း ငဖဲမြို့နယ်ရှိ စက်လက်နက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံး က.ပ.စ(၁၄)သို့ ပို့လွှတ်သော အဓိကဓာတ်အားလိုင်းကို ဖျက်ဆီးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။