Connect with us

Hi, what are you looking for?

News

ပြည်သူကို ခြိမ်းခြောက်နေသည့် လျှပ်စစ်ဝန်ထမ်းများကို WTRFက​နောက်ဆုံးအကြိမ်သတိပေး

အကြမ်းဖက် စစ်ကောင်စီ၏ ဝင်ငွေရှိနေသော ယန္တရားများကို ရပ်တန့်စေရန်မှာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အင်မတန်အရေးကြီးသော အခန်းကဏ္ဍ ဖြစ်ကြောင်း WTRFက ရှင်းပြသည်။

မီတာကောက်ခံနေသည့် လျှပ်စစ်ဝန်ထမ်းများ၏ ပြည်သူများအပေါ် ခြိမ်းခြောက်လုပ်ဆောင်နေကြောင်း တိုင်ကြားချက်များ ရရှိထား၍ အဆိုပါ လျှပ်စစ်ဝန်ထမ်းများကို တွေ့ရာနေရာတွင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နောက်ဆုံးအ​နေဖြင့်အသိပေးလိုက်သည်ဟု ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု (WTRF) က ထုတ်ပြန်သည်။

လက်ရှိ ကောက်ခံနေသည့် လျှပ်စစ်မီတာခများသည် ဘတ်ဂျက်ပြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအဖို့ အရေးပါသော ဝင်ငွေဒေါက်တိုင် တစ်ခုဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မီတာခများ လုံး၀မဆောင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်ပစ္စည်းများကို အသုံးမပြုခြင်း ၊ Mytel ဖုန်းကတ်များ အသုံးမပြုခြင်း စသည့် နည်းလမ်းများဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်​ပေးကြရန် ဝမ်းတွင်းမြို့နယ်အတွင်းရှိမိဘပြည်သူများအား ပန်ကြားခြင်း တွင်​ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဝင်ငွေရှိနေသော ယန္တရားများကို ရပ်တန့်စေရန်မှာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အင်မတန်အရေးကြီးသော အခန်းကဏ္ဍ ဖြစ်ကြောင်း WTRFက ရှင်းပြသည်။

တော်လှန်ရေးဆိုသည်မှာ လက်နက်ကိုင်တော်လှန်ရေး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး၊ ဆန္ဒပြ သပိတ်မှောက် စသဖြင့် များစွာရှိပြီး ပြည်သူများအနေဖြင့် မိမိတို့ တက်နိုင်သော နေရာမှ ပါဝင်ခြင်း သည် တော်လှန်ရေးဖြစ်၍ ဖော်ပြပါ အကြောင်းအရာများကို စဉ်းစားချင့်ချိန်၍ စစ်ကောင်စီ၏ ဝင်ငွေဒေါက်တိုင်များကို ဆန့်ကျင် သပိတ်မှောက်ကြရန် WTRFက တိုက်တွန်းနိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။