Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူကို ခြိမ်းခြောက်နေသည့် လျှပ်စစ်ဝန်ထမ်းများကို WTRFက​နောက်ဆုံးအကြိမ်သတိပေး

အကြမ်းဖက် စစ်ကောင်စီ၏ ဝင်ငွေရှိနေသော ယန္တရားများကို ရပ်တန့်စေရန်မှာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အင်မတန်အရေးကြီးသော အခန်းကဏ္ဍ ဖြစ်ကြောင်း WTRFက ရှင်းပြသည်။

မီတာကောက်ခံနေသည့် လျှပ်စစ်ဝန်ထမ်းများ၏ ပြည်သူများအပေါ် ခြိမ်းခြောက်လုပ်ဆောင်နေကြောင်း တိုင်ကြားချက်များ ရရှိထား၍ အဆိုပါ လျှပ်စစ်ဝန်ထမ်းများကို တွေ့ရာနေရာတွင် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နောက်ဆုံးအ​နေဖြင့်အသိပေးလိုက်သည်ဟု ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု (WTRF) က ထုတ်ပြန်သည်။

လက်ရှိ ကောက်ခံနေသည့် လျှပ်စစ်မီတာခများသည် ဘတ်ဂျက်ပြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအဖို့ အရေးပါသော ဝင်ငွေဒေါက်တိုင် တစ်ခုဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မီတာခများ လုံး၀မဆောင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်ပစ္စည်းများကို အသုံးမပြုခြင်း ၊ Mytel ဖုန်းကတ်များ အသုံးမပြုခြင်း စသည့် နည်းလမ်းများဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်​ပေးကြရန် ဝမ်းတွင်းမြို့နယ်အတွင်းရှိမိဘပြည်သူများအား ပန်ကြားခြင်း တွင်​ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဝင်ငွေရှိနေသော ယန္တရားများကို ရပ်တန့်စေရန်မှာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အင်မတန်အရေးကြီးသော အခန်းကဏ္ဍ ဖြစ်ကြောင်း WTRFက ရှင်းပြသည်။

တော်လှန်ရေးဆိုသည်မှာ လက်နက်ကိုင်တော်လှန်ရေး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး၊ ဆန္ဒပြ သပိတ်မှောက် စသဖြင့် များစွာရှိပြီး ပြည်သူများအနေဖြင့် မိမိတို့ တက်နိုင်သော နေရာမှ ပါဝင်ခြင်း သည် တော်လှန်ရေးဖြစ်၍ ဖော်ပြပါ အကြောင်းအရာများကို စဉ်းစားချင့်ချိန်၍ စစ်ကောင်စီ၏ ဝင်ငွေဒေါက်တိုင်များကို ဆန့်ကျင် သပိတ်မှောက်ကြရန် WTRFက တိုက်တွန်းနိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။