Connect with us

Hi, what are you looking for?

News

ကံထူးမစခန်းမှထွက်လာသည့် စစ်ကောင်စီတပ် ကား တန့်ဆည်(ပ.က.ဖ)တိုက်ခိုက်

စစ်ကောင်စီတပ် ကားသည် ကံထူးမရွာမှထွက်လာပြီး သရက်ခါးကျေးရွာအနီး လမ်းသွား၊ လမ်းလာပြည်သူများအား စစ်ဆေးရန်လာရောက်စဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တန့်ဆည်(ပ.က.ဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

People's Spring
People's Spring

တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ် ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(Taze)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၄)ညနေ ၃ နာရီကျော်က ကံထူးမစံပြကျေးရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်မှ ရဲနှင့် စစ်သား ၁၅ ဦးခန့်ပါဝင်သော Light Truck ကားတစ်စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မိုင်းခွဲခံရသည့်နေရာတွင် စစ်ခွေးရဲခွေးများမှ ရမ်းသမ်းပစ်ပြီး စခန်းထဲသို့ ကားအမြန်မောင်းဝင်သွားပါသည်။ စခန်းထဲမှ သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေပါသည်”ဟု တန့်ဆည်(ပ.က.ဖ) က ဆိုသည်။

စစ်ကောင်စီတပ် ကားသည် ကံထူးမရွာမှထွက်လာပြီး သရက်ခါးကျေးရွာအနီး လမ်းသွား၊ လမ်းလာပြည်သူများအား စစ်ဆေးရန်လာရောက်စဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တန့်ဆည်(ပ.က.ဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က အခွင့်သာတာနဲ့ တပြိုင်နက် ​ခွေးတွေကို မိုင်းခွဲတိုက်ခိုက်ဖို့၊ ပြောက်ကျား တိုက်ခိုက်ဖို့ အဆင်သင့်ပါဗျ။ ပြည်သူတွေထိနိုင်၊ မထိနိုင် တစ်ချက်ကြည့်ရတာပဲရှိပါတယ်။ပြည်သူတွေထိနိုင်တယ်ဆို ကျွန်တော်တို့ မိုင်းကွင်းထဲခွေးတွေရောက်နေလည်း ကျွန်တော်တို့ အများကြီးစဥ်းစားရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အထိ အခိုက် အကျအရှုံးမသိရသေးဘဲ ကားနောက်ပိုင်းထိပြီး မီးခိုးများထွက်သွားကြောင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (Taze)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။