Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တယားတွင် ပါဝင်နေသောဝန်ထမ်းများကို ပြင်းထန်စွာ အရေးယူမည်ဟု ကလေးPDF သတိပေး

လျှပ်စစ်ဓာတ်အားခများ အဓမ္မကောက်ရန် အားပေးနေသော ကလေးမြို့ လျှပ်စစ်ရုံး၏ ခရိုင်မှူးသည် ဇန်နဝါရီ ၉ ရက်က ပစ်သတ်ခံရ၍ သေဆုံးထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တယားတွင်ပါဝင်သည့် ဝန်ထမ်းများအနေဖြင့် ပြည်သူ လူထုအပေါ် အခွန်အခများ အဓမ္မကောက်ခံခြင်း၊ချေးငွေများကို အတင်းအကျပ် ပြန်လည်ပေးသွင်းရန် ဖိအားပေးခြင်းနှင့် လုပ်ငန်းလိုင်စင် တင်ဒါခေါ်ယူခြင်းများကို ရပ်တန့်ရန် ကလေးPDF က ယနေ့ (ဇန်နဝါရီ ၂၅ ရက်)တွင် သတိပေးချက်ထုတ်ပြန်သည်။

ယခု သတိပေးချက်သည် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ လျှပ်စစ်ရုံး၊ စည်ပင် သာယာရေးရုံး၊ အခွန်ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးများနှင့် နိုင်ငံတော်ပိုင်ဘဏ်များအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တယားတွင် ပါဝင်အလုပ်အကျွေးပြုနေကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးနှင့်သက်ဆိုင်ကြောင်းလည်း အသိပေးသည်။

ထို့အပြင် ယခုသတိပေးစာပါနေ့ရက်မှ နောက်ပိုင်းအချိန်ထိ အာဏာလုအကြမ်းဖက်စစ်ကောင် စီအား ဝင်ငွေရရှိ‌စေရန် တနည်းနည်းဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါက သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်သူများအားလုံးကို ပြင်းထန်စွာ အရေးယူတုံ့ပြန်သွားရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းကိုလည်း ကလေးPDF ထပ်ဆင့်သတိပေးသည်။

လျှပ်စစ်ဓာတ်အားခများ အဓမ္မကောက်ရန် အားပေးနေသော ကလေးမြို့ လျှပ်စစ်ရုံး၏ ခရိုင်မှူးသည် ဇန်နဝါရီ ၉ ရက်က ပစ်သတ်ခံရ၍ သေဆုံးထားသည်။

Public Service Announcement

Public Service Announcement

အလားတူ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏အကြမ်းဖက်မှုယန္တရားလည်ပတ်စေရန် ထောက် ခံအားပေးကူညီလျက်ရှိသော ဌာနဆိုင်ရာ၀န်ထမ်း(ရာဇ၀တ်မှုကျူးလွန်သူများ)၏ ကိုယ်ရေးအချက်အလက်များနှင့် ၎င်းတို့၏သွားလာလှုပ် ရှားမှုများကို ဆက်သွယ်သတင်းပေးပို့ကြရန်လည်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က လူထုအားမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။