Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တယားတွင် ပါဝင်နေသောဝန်ထမ်းများကို ပြင်းထန်စွာ အရေးယူမည်ဟု ကလေးPDF သတိပေး

လျှပ်စစ်ဓာတ်အားခများ အဓမ္မကောက်ရန် အားပေးနေသော ကလေးမြို့ လျှပ်စစ်ရုံး၏ ခရိုင်မှူးသည် ဇန်နဝါရီ ၉ ရက်က ပစ်သတ်ခံရ၍ သေဆုံးထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တယားတွင်ပါဝင်သည့် ဝန်ထမ်းများအနေဖြင့် ပြည်သူ လူထုအပေါ် အခွန်အခများ အဓမ္မကောက်ခံခြင်း၊ချေးငွေများကို အတင်းအကျပ် ပြန်လည်ပေးသွင်းရန် ဖိအားပေးခြင်းနှင့် လုပ်ငန်းလိုင်စင် တင်ဒါခေါ်ယူခြင်းများကို ရပ်တန့်ရန် ကလေးPDF က ယနေ့ (ဇန်နဝါရီ ၂၅ ရက်)တွင် သတိပေးချက်ထုတ်ပြန်သည်။

ယခု သတိပေးချက်သည် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ လျှပ်စစ်ရုံး၊ စည်ပင် သာယာရေးရုံး၊ အခွန်ရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးများနှင့် နိုင်ငံတော်ပိုင်ဘဏ်များအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တယားတွင် ပါဝင်အလုပ်အကျွေးပြုနေကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးနှင့်သက်ဆိုင်ကြောင်းလည်း အသိပေးသည်။

ထို့အပြင် ယခုသတိပေးစာပါနေ့ရက်မှ နောက်ပိုင်းအချိန်ထိ အာဏာလုအကြမ်းဖက်စစ်ကောင် စီအား ဝင်ငွေရရှိ‌စေရန် တနည်းနည်းဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါက သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်သူများအားလုံးကို ပြင်းထန်စွာ အရေးယူတုံ့ပြန်သွားရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းကိုလည်း ကလေးPDF ထပ်ဆင့်သတိပေးသည်။

လျှပ်စစ်ဓာတ်အားခများ အဓမ္မကောက်ရန် အားပေးနေသော ကလေးမြို့ လျှပ်စစ်ရုံး၏ ခရိုင်မှူးသည် ဇန်နဝါရီ ၉ ရက်က ပစ်သတ်ခံရ၍ သေဆုံးထားသည်။

Public Service Announcement

Public Service Announcement

အလားတူ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏အကြမ်းဖက်မှုယန္တရားလည်ပတ်စေရန် ထောက် ခံအားပေးကူညီလျက်ရှိသော ဌာနဆိုင်ရာ၀န်ထမ်း(ရာဇ၀တ်မှုကျူးလွန်သူများ)၏ ကိုယ်ရေးအချက်အလက်များနှင့် ၎င်းတို့၏သွားလာလှုပ် ရှားမှုများကို ဆက်သွယ်သတင်းပေးပို့ကြရန်လည်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က လူထုအားမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။