Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်ကောင်စီတပ်ယာဉ်တစ်စီး ထပ်မံမိုင်းဆွဲခံရ

စစ်ကောင်စီတပ်က ထီးချိုင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများသို့ တောနင်းစစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်

People's Spring
People's Spring

စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ၂၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်၏ ကင်းလှည့်ယာဉ်ကို မြထောင်လမ်းဆုံအနီး၌ တိုက်ခိုက်ခဲ့ရာယာဉ်မှာ ဖြစ်စဉ်ဖြစ်ပွားရာနေရာ၌ ထိုးရပ်သွားသည်ဟု ဆိုသည်။

“မြထောင်ရဲ့ အလွန် အောက်ဘက်ကို ဆင်းသွားရင် မောင်းကုန်း ရွာဆိုတာရှိတယ်။ လမ်းမကြီး ပေါ်ပဲ။ အဲဒီကြားထဲမှာ ကင်းပတ်တဲ့အနေအထားရှိတယ်။ အဲဒီအချိန်မှာ သူတို့ဘက်က လာတဲ့ ကားတစ်စီးကို ကိုယ့်ဘက်က မိုင်းဆွဲတိုက်ခိုက်တယ်။ သူတို့ဘက်က နေရာမှာတင် ထိုးရပ်သွားတယ်လို့ သိရတယ်။ အထိအခိုက်တွေကတော့ ဘယ်နှစ်ဦးထိခိုက်တယ်ဆိုတာ အတိအကျမသိရဘူး”ဟု ပကဖ တာဝန်ရှိသူက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိနေအိမ်များမှ ပြည်သူများကို လမ်းပေါ်ထွက်ခိုင်းပြီး ဖုန်းများကို သိမ်းဆည်းထားခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အခုအချိန်ထိ ဖုန်းတွေ ပြန်မပေးသေးဘူးလို့သိရတယ်။ လူတွေကိုတော့ ပြန်ပြီးတော့ လွှတ်လိုက်တယ်”ဟု ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က ထီးချိုင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများသို့ တောနင်းစစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်ယာဉ်များကို မိုင်းဆွဲ တိုက်ခိုက်မှု များ ပြုပ်ခဲ့၍ ယာဉ်အချို့ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook