Connect with us

Hi, what are you looking for?

News

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူအားလုံး ပြစ်ဒဏ်မှဖျက်သိမ်းပေးရန် ဆွီဒင်တိုက်တွန်း

သေဒဏ်ချမှတ်ခြင်းသည် ရက်စက်၊ လူမဆန်၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ပြန်လည်ပြင်ဆင်ခွင့်မရသည့် ပြစ်ဒဏ်ဖြစ်သည့် အပြင် လူသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သည့် အသက်ရှင်ခွင့်အား ချိုးဖောက်နေသည့် ပြစ်ဒဏ်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် သေဒဏ်ချမှတ်ခံရသူအားလုံးကို ပြစ်ဒဏ်မှဖျက်သိမ်းပေးရန် အကြမ်းဖက်စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက ယနေ့(ဇန်နဝါရီ ၂၅ရက်)တိုက်တွန်းထုတ်ပြန်သည်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ နှင့် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဖြိုးဇေယျာသော်တို့အား သေဒဏ်ချမှတ်လိုက်ပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၅ ဦးထိ ရှိလာသည့်အတွက် အသက်ရှင်သန်ခွင့်အား လေးစားလိုက်နာ ခြင်းသည် လူ့အခွင့်အရေး၏ အဓိကအချက်ပင်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံအနေဖြင့် ထပ်လောင်း သတိပေးထားသည်။

“သေဒဏ်ချမှတ်ခြင်းအား ဖျက်သိမ်းခြင်းနှင့်အတူ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရပါမည်”ဟု ဆွီဒင်သံရုံးက ထုတ်ပြန်သည်။

သေဒဏ်ချမှတ်ခြင်းသည် ရက်စက်၊ လူမဆန်၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ပြန်လည်ပြင်ဆင်ခွင့်မရသည့် ပြစ်ဒဏ်ဖြစ်သည့် အပြင် လူသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သည့် အသက်ရှင်ခွင့်အား ချိုးဖောက်နေသည့် ပြစ်ဒဏ်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆွီဒင်နှင့် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာလုံးအတိုင်းအတာ သေဒဏ် ဖျက်သိမ်းရေးကို ကြိုးပမ်းလုပ်ဆောင်နေပြီး မည်သည့်အကြောင်းအရာ ပုံစံမျိုးနှင့်မဆို သေဒဏ်ချမှတ်ခြင်းအား ရှုံ့ချကန့်ကွက်ကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ဆွီဒင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်သစ် ၁၆ စီး အရောင်းအဝယ် စာချုပ်ကို ယူကရိန်းနဲ့ ဆွီဒင်တို့ကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။