Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်မှာပါဖို့ လှုံဆော်သူတွေနဲ့ ပါဝင်သူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

အာဏာသိမ်းလို့ တစ်နှစ်ပြည့်တဲ့အချိန်ထိ အုပ်ချုပ်လို့မရသေးတာ ၊ ပြည်သူတွေက စစ်ကောင်စီရဲ့အုပ်ချုပ်မှုကိုလက်မခံတာ ကို ထပ်မံပြသဖို့အတွက် အသံတိတ်သပိတ် ထပ်မံဆင်နွှဲကြဖို့ရှိနေတာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာဆင်နွှဲမယ့် အသံတိတ်သပိတ် မှာ ပါဝင်ဖို့လှုံဆော်တာတွေ ၊ သပိတ်မှာပါဝင်သူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်ခြောက်ထုတ်ပြန်လာပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံလုံးဆိုင်ရာအသံတိတ်သပိတ်ကို ဆင်နွှဲကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေက ဆော်သြနေကြပါတယ်။

အာဏာသိမ်းလို့ တစ်နှစ်ပြည့်တဲ့အချိန်ထိ အုပ်ချုပ်လို့မရသေးတာ ၊ ပြည်သူတွေက စစ်ကောင်စီရဲ့အုပ်ချုပ်မှုကိုလက်မခံတာ ကို ထပ်မံပြသဖို့အတွက် အသံတိတ်သပိတ် ထပ်မံဆင်နွှဲကြဖို့ရှိနေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်ကလည်းအသံတိတ်သပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆင်နွှဲနိုင်ခဲ့ကြပြီး ကမ္ဘာကလည်းအသိအမှတ်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် စစ်ကောင်စီဟာ ဒီတစ်ကြိမ်မှာ တော့ အသံတိတ်သပိတ် ကျင်းပဖို့ လှုံဆော်နေတာ ၊ အသံတိတ်သပိတ်မှာပါဝင်သူတွေကိုအရေးယူမယ်လို့ ခြိမ်းခြောက်လာတာပဲဖြစ်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ခြိမ်းခြောက်သတင်းထုတ်ပြန်ချက်မှာ အသံတိတ်သပိတ်နဲ့ပတ်သက်ပြီး အကြမ်းဖက်ဥပဒေ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၊ အီလက်ထရောနစ်ပုဒ်မ ၊ဆက်သွယ်ရေးပုဒ်မ တွေနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဒါအပြင် ဒီဇင်ဘာလ ၁၀ ရက်က အသံတိတ်သပိတ်လို့ ဈေးတွေ ခြောက်ကပ်သွားတာမဖြစ်ဖို့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဈေးဆိုင်တွေဖွင့်ရမယ်လို့ စစ်ကောင်စီဟာ ဈေးအချို့မှာ ကြိုတင်သတိပေးတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်။

ဒါအပြင် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကောင်စီထောက်ခံပွဲကို ရန်ကုန်မှာ လုပ်ဖို့လည်းရှိနေပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။