Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်မှာပါဖို့ လှုံဆော်သူတွေနဲ့ ပါဝင်သူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

အာဏာသိမ်းလို့ တစ်နှစ်ပြည့်တဲ့အချိန်ထိ အုပ်ချုပ်လို့မရသေးတာ ၊ ပြည်သူတွေက စစ်ကောင်စီရဲ့အုပ်ချုပ်မှုကိုလက်မခံတာ ကို ထပ်မံပြသဖို့အတွက် အသံတိတ်သပိတ် ထပ်မံဆင်နွှဲကြဖို့ရှိနေတာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာဆင်နွှဲမယ့် အသံတိတ်သပိတ် မှာ ပါဝင်ဖို့လှုံဆော်တာတွေ ၊ သပိတ်မှာပါဝင်သူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်ခြောက်ထုတ်ပြန်လာပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံလုံးဆိုင်ရာအသံတိတ်သပိတ်ကို ဆင်နွှဲကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေက ဆော်သြနေကြပါတယ်။

အာဏာသိမ်းလို့ တစ်နှစ်ပြည့်တဲ့အချိန်ထိ အုပ်ချုပ်လို့မရသေးတာ ၊ ပြည်သူတွေက စစ်ကောင်စီရဲ့အုပ်ချုပ်မှုကိုလက်မခံတာ ကို ထပ်မံပြသဖို့အတွက် အသံတိတ်သပိတ် ထပ်မံဆင်နွှဲကြဖို့ရှိနေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်ကလည်းအသံတိတ်သပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆင်နွှဲနိုင်ခဲ့ကြပြီး ကမ္ဘာကလည်းအသိအမှတ်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် စစ်ကောင်စီဟာ ဒီတစ်ကြိမ်မှာ တော့ အသံတိတ်သပိတ် ကျင်းပဖို့ လှုံဆော်နေတာ ၊ အသံတိတ်သပိတ်မှာပါဝင်သူတွေကိုအရေးယူမယ်လို့ ခြိမ်းခြောက်လာတာပဲဖြစ်ပါတယ်။

ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ခြိမ်းခြောက်သတင်းထုတ်ပြန်ချက်မှာ အသံတိတ်သပိတ်နဲ့ပတ်သက်ပြီး အကြမ်းဖက်ဥပဒေ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၊ အီလက်ထရောနစ်ပုဒ်မ ၊ဆက်သွယ်ရေးပုဒ်မ တွေနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဒါအပြင် ဒီဇင်ဘာလ ၁၀ ရက်က အသံတိတ်သပိတ်လို့ ဈေးတွေ ခြောက်ကပ်သွားတာမဖြစ်ဖို့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဈေးဆိုင်တွေဖွင့်ရမယ်လို့ စစ်ကောင်စီဟာ ဈေးအချို့မှာ ကြိုတင်သတိပေးတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်။

ဒါအပြင် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကောင်စီထောက်ခံပွဲကို ရန်ကုန်မှာ လုပ်ဖို့လည်းရှိနေပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။