Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှုကြောင့် ၂၀၂၂ ခုနှစ်မှာ မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာတိုးတက်မယ်

မြန်မာ့စီးပွားရေး နဲ့အတူ မြန်မာပြည်သူတွေ အာဏာသိမ်းနဲ့ ကိုဗစ် ဒဏ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခံစားနေရဆဲဖြစ်တယ်လို့ ကမ္ဘာဘဏ်က ဆိုထားပါတယ်။

ဓာတ်ပုံ − ကမ္ဘာဘဏ်

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်းစီးပွားရေးတိုးတက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်းသာရှိမယ်လို့ ကမ္ဘာဘဏ်က ဒီနေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေသတွင်း အာဆီယံ နိုင်ငံတွေထဲ စီးပွားရေးအကျဆင်းဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။

နိုင်ငံအတွင်း ပဋိပက္ခတွေဖြစ်ပွားနေတာ ၊အဓိက စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတာ ၊ ဘဏ်တွေ ပုံမှန်မလည်ပတ်နိုင်တာ ၊ ကိုဗစ်ကာကွယ်ဆေးကိုလုံလောက်အောင်မထိုးပေးနိုင်တဲ့အတွက် ကိုဗစ်ကိုရင်ဆိုင်ရတာတွေကြောင့် စီးပွားရေးတိုးတက်မှုကို ရိုက်ခတ်မှုတွေရှိနေတာပါ။

Public Service Announcement

Public Service Announcement

မြန်မာ့စီးပွားရေး နဲ့အတူ မြန်မာပြည်သူတွေ အာဏာသိမ်းနဲ့ ကိုဗစ် ဒဏ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခံစားနေရဆဲဖြစ်တယ်လို့ ကမ္ဘာဘဏ်က ဆိုထားပါတယ်။

၂၀၂၀ မှာ ကိုဗစ်ကို ရင်ဆိုင်ခဲ့ရပြီးနောက် ရွေးကောက်ပွဲအပြီး နိုင်ငံစီးပွားရေးကိုပြန်လည်ကုစားဖို့ ရုန်းကန်နေကြချိန် ၂၀၂၁ နှစ်ဆန်းပိုင်းမှာတင် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နိုင်ငံရဲ့ ကဏ္ဍအသီးသီးဟာ ကျဆင်းနေတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။