Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်အုပ်စုမှ ၁၀ဦးသေ

“အကြမ်းဖက်စစ်ကောင်စီတပ်မှ စကစ (၁၀)ဦး သေဆုံးခဲ့သည်။ တော်လှန်ရေးတပ်များဘက်မှ စိုးရိမ်ရဒဏ်ရာ တစ်ဦး၊ သာမာန်ဒဏ်ရာ တစ်ဦး ထိခိုက်မှုရှိခဲ့သည်”ဟု ကနီပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အသိပေးသည်။

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီဒေသကာကွယ်ရေးတပ် ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုမှ ၁၀ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနီမြို့နယ်)က ယနေ့(ဇန်နဝါရီ ၂၆)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက ကနီမြို့နယ် ဆင်အိုရွာအနီးချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တတ်လာသော စစ်ရေယာဥ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ လေးနေရာခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်မှ စကစ (၁၀)ဦး သေဆုံးခဲ့သည်။ တော်လှန်ရေးတပ်များဘက်မှ စိုးရိမ်ရဒဏ်ရာ တစ်ဦး၊ သာမာန်ဒဏ်ရာ တစ်ဦး ထိခိုက်မှုရှိခဲ့သည်”ဟု ကနီပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အသိပေးသည်။

တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဥ်အုပ်စုသည် ချင်တွင်းမြစ်ကြောင်းအတွင်း ကနီမြို့နယ် ဘုမ္မဇင်းအရှေ့ရွာနှင့် ထောက်ကြံ့ကုန်းရွာအနီး တပ်ချထားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို ကနီမြို့နယ် PDF တပ်ရင်း(၁)၊ မဟူရာကျားရိုင်းတပ်ဖွဲ့ ၊ M&K The Boys၊ KLG Kani PDF၊ ရွှေတွိဂံတပ်ရင်း၊KPDF (1) ၊ CDYH၊ MPDF ၊ IA အဖွဲ့များ၊ မဟာမိတ်ညီနောင် တော်လှန်ရေးတပ်များနှင့် ကနီမြို့နယ်ဒေသခံ ပ.က.ဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook