Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကို လိုင်း​ကြေး​ပေးလုပ်ကိုင်​နေ​သော ​လောင်းကစားဝိုင်းများရပ်တန့်ရန် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့သတိ​ပေး

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ၊ ရှားတောရွာ၊ ပေါက်တပင်ရွာ၊ ကြာညှပ်ရွာ၊ တကောင်းရွာ၊ ရေရှင်ရွာ၊ ဇရပ်ကွင်းရွာ အစရှိသည့်ကျေးရွာများတွင် စစ်ကောင်စီနှင့် ရဲတပ်သားများကို လိုင်းကြေးပေးကာ ကြက်ဝိုင်းများပြုလုပ်နေကြောင်း သပိတ်ကျင်းအခြေစိုက်Thabeikkyin Revolution -TR အဖွဲ့မှအသိပေးသည်။

(​လောင်းကစားဝိုင်းနှင့်​လောင်ကစားဝိုင်းလာ​သူများ၏ ကားနှင့်ဆိုင်ကယ်များ။ ဓါတ်ပုံ- TR)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီကိုဆက်ကြေးပေးလုပ်ကိုင်နေသော တရားမဝင်လောင်းကစားဝိုင်းများ ရပ်တန်းကရပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကသတိပေးလိုက်သည်။

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီအား ဆက်ကြေးပေးကာ တရားမဝင်အလောင်းအစားများကို ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း၊ တရားမဝင်လောင်းကစားများအား သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွတ်ပြီး ရပ်တန်းကရပ်ရန် သတိပေးကြောင်း ယနေ့ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

“ရွာသားတွေလည်း အတော်ပျက်စီးနေပြီး ရွာပျက်တော့မှာစိုးရိမ်နေရပါတယ်။ စနစ်ကိုတိုက်ချင်ရင် လည်ပတ်နေတဲ့ ယန္တရားကို ဖြိုနိုင်ရပါမယ်။ ဒီနည်းလမ်းက အသက်တွေဘဝတွေ ပေးနေစရာမလိုပါဘူး။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဆီ စီးဆင်းနေတဲ့ တရားမဝင်ငွေကြေးကို ဖြတ်တောက်နိုင်ရင် ပွဲပြတ်ပါပြီ။”ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြောသည်။

(​လောင်းကစားဝိုင်းနှင့်​လောင်ကစားဝိုင်းလာ​သူများ၏ ကားနှင့်ဆိုင်ကယ်များ။ ဓါတ်ပုံ- TR)

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ၊ ရှားတောရွာ၊ ပေါက်တပင်ရွာ၊ ကြာညှပ်ရွာ၊ တကောင်းရွာ၊ ရေရှင်ရွာ၊ ဇရပ်ကွင်းရွာ အစရှိသည့်ကျေးရွာများတွင် စစ်ကောင်စီနှင့် ရဲတပ်သားများကို လိုင်းကြေးပေးကာ ကြက်ဝိုင်းများပြုလုပ်နေကြောင်း သပိတ်ကျင်းအခြေစိုက်Thabeikkyin Revolution -TR အဖွဲ့မှအသိပေးသည်။

Public Service Announcement

Public Service Announcement

သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်းကျေးရွာတွင် စစ်ကောင်စီနဲ့ ရဲတပ်သားများကို လိုင်းကြေးပေးကာ ကြက်ဝိုင်းများအား ပြုလုပ်နေကြောင်း၊ ဇရပ်ကွင်းကျေးရွာ အမှတ် (၁)ရပ်ကွက်အတွင်း ခြံဝိုင်းအတွင်းတွင် ကြက်ဝိုင်းများအား တစ်လလျှင် ၅သိန်း မှ ၁၀သိန်းကြား လိုင်းကြေးများအား စစ်ကောင်စီနဲ့ ရဲများအား ပေးဆောင်ကာ တစ်ပတ်လျှင် ၃ရက် အမြဲစည်ကားစွာ ပြုလုပ်လျက်ရှိပြီး ကြက်ဝိုင်းတွင် လာသော လူဦးရေမှာ ၅၀ နှင့် ၁၀၀ ကြားရှိကြောင်း၊ ခြံဝိုင်းထဲတွင် ကြက်ဝိုင်း ၃ဝိုင်းအထိ အပြိုင်အဆိုင် ရှိနေပြီး လက်ပံပြန့်၊ ရေထွက် ၊လိပ်ကျ ၊ဇရပ်ကွင်း မှ လူများ အများဆုံး လာကြသည်ဟု ဒေသခံများ၏စကားကို ကိုးကားကာTRက အသိပေးသည်။

(​လောင်းကစားဝိုင်းနှင့်​လောင်ကစားဝိုင်းလာ​သူများ၏ ကားနှင့်ဆိုင်ကယ်များ။ ဓါတ်ပုံ- TR)

သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအားခုခံတိုက်ခိုက်တော့မည်ဖြစ်၍ မန္တလေး-မိုးကုတ်လမ်းနှင့် မန္တလေး-ဗန်းမော်လမ်း သပိတ်ကျင်းလမ်းပိုင်းတွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ သွားလာခြင်းမပြုရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။