Connect with us

Hi, what are you looking for?

News

ရွှေဘိုနယ် ရွာစိုးရွာတွင် စစ်ကောင်စီတပ်က နေအိမ်များအပြင် စပါးကျီနှင့် စပါးရိတ်ခြွေစက်များကိုပါ မီးရှို့ဖျက်ဆီးသွား

စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် ရွာစိုးရွာခံများ အနီး ပတ်ဝန်းကျင် ဘေးကင်းရာသို့တိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ နေအိမ်များသို့ မပြန်ရဲသေးဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၄ရက်ညပိုင်းက ​ရွှေဘိုမြို့နယ် ရွာစိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်များအပြင် စပါးကျီများ၊ စပါးရိတ်ခြွေစက်များကိုပါမီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရိတ်ခြွေစက်တွေပါ ပါသွားတာ။ စပါးကျီတွေရော အိမ်တွေရော၊ တိုက်တွေရော။ လက်နက်ကြီးနဲ့ ထုပြီးမှ မီးရှို့တာဆိုတော့လေ။ ရိတ်ခြွေစက်ဆိုရင် အိမ်၀ိုင်းထဲမျာ ရပ်ထားတာကို အကုန်ရှို့သွားတာ။ပြောရမယ်ဆို တမင်သပ်သပ်ရှို့တာ” ဟု ဒေသခံက ပြောသည်။ စစ်ကောင်စီလက်ချက်ကြောင့် ရွာစိုးရွာမှ အိမ်ခြေ ၄၀ ခန့်မီးလောင်ပျက်စီးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် ရွာစိုးရွာခံများ အနီး ပတ်ဝန်းကျင် ဘေးကင်းရာသို့တိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ နေအိမ်များသို့ မပြန်ရဲသေးဟု ဆိုသည်။

Public Service Announcement

“အဲဒီက ပြေးလာတဲ့သူတွေကို ဒီရွာကလူတွေက ချက်ပြုတ် ကျွေးမွေးထားရတာပေါ့။ ပြန်လို့မှမရသေးတာကို” ဟု ရွာစိုးရွာအနီးရှိ ကျေးရွာတစ်ရွာမှ ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ရွာစိုးရွာကို မီးရှို့ပြီးနောက် ဇန်နဝါရီ ၂၅ရက်တွင် ပေါက်ချိုင်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၁၉ရက်ကလည်း ​ရွှေဘိုနယ် ထူးကြီးရွာကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး နေအိမ်များကို အပြင် စက်ယက္ကန်းစင်များ အပါအဝင် ပြည်သူလူထုပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ထူးကြီးရွာအပါအဝင် ​ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသည်မှာလည်း တစ်ပတ်ကျော်ကြာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။