Connect with us

Hi, what are you looking for?

News

မုံရွာ – ချောင်းဦး – မန္တလေး လမ်းပိုင်းကို ယာယီပိတ်လိုက်ကြောင်း ချောင်းဦး PDF အသိပေး

အဆိုပါလမ်းပိုင်းအား ယာယီပိတ်ထားစဥ် ကြေညာ ချက်ပါလမ်းပိုင်းကို လုံးဝအသုံးမပြုကြရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးကို အာမမခံကြောင်း အသိပေးထားသည်။

People's Spring
People's Spring

မုံရွာ – ချောင်းဦး – မန္တလေးလမ်းပိုင်းကို ယာယီပိတ်လိုက်ကြောင်း ချောင်းဦး PDFက အရေးပေါ် အသိပေးချက် ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်လိုက်သည်။

“ယခုကြေညာချက် ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာ မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါလမ်းပိုင်းအား ယာယီပိတ်ထားစဥ် ကြေညာ ချက်ပါလမ်းပိုင်းကို လုံးဝအသုံးမပြုကြရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးကို အာမမခံကြောင်း အသိပေးထားသည်။

ထို့အပြင် လမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန် ရောက်ရာအရပ်၌ ခေတ္တရပ်နားထားကြရန်၊ လမ်းပိုင်းအား လက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ ဆွေမျိုး၊ မိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြရန် ချောင်းဦး PDFက မေတ္တာရပ်ခံထား သည်။

Public Service Announcement

Public Service Announcement

မုံရွာ-ချောင်းဦးလမ်းပိုင်းအား ယာယီပိတ်ပင်ခြင်းကို မုံရွာအခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ယနေ့တွင် ထုတ်ပြန်သတိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook