Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံ၏ ကံကြမ္မာ ပြည်သူလူထု၏လက်ထဲ၌သာရှိကြောင်း ကုလအထူးအစီရင်ခံစာတင်သွင်းသူပြော

“စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ကြောက်မက်ဖွယ်ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့အပြည့်အ၀ တာဝန်ခံမှု ရှိကို ရှိရပါမယ်” ဟု Tom Andrews က ပြောသည်။

အကြမ်းဖက်စစ်တပ်ကို အရေးယူလုပ်ဆောင်ရေး နိုင်ငံတကာအသိုင်းအဝန်းကို ထပ်မံတိုက်တွန်း မည်ဟုဆို

မြန်မာနိုင်ငံ၏ ကံကြမ္မာသည် မြန်မာပြည်သူလူထု၏ လက်ထဲ၌ရှိနေပြီး လက်ရှိတော်လှန်ရေးတွင် ရဲဝံ့စွာပါဝင်နေသူအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ပြောသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး မြန်မာ စစ်တပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန် နေမှုများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ထပ်မံတင်ပြမည်ဟု ဆိုသည်။

“ဒီ တရားမဝင်၊ လူမဆန်တဲ့ စစ်ကောင်စီကို မဖြစ်မနေတားဆီးပိတ်ပင်ဖို့ နိုင်ငံတကာအသိုင်းအဝန်း ကို ကျွန်တော်ပြောမှာပါ။ အချိန်မနှောင်းခင် ကုလအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကိုအရေးယူဖို့နဲ့ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း တင်ပြအစီရင်ခံသွားမှာ ပါ” ဟု Tom Andrews က ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုရန် ငြင်း ပယ်ရေး၊ ပိုင်ဆိုင်မှုနှင့် အခွန်ဘဏ္ဍာငွေများကို တားဆီးပိတ်ပင်ရေး၊ တရားဝင်မှု မပေးရေး၊ စစ်လက်နက်များမတင်ပို့ရေးအပါအဝင် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန်လည်း ကုလအထူးအစီရင်ခံစာတင်သွင်းသူက တိုက်တွန်းမည်ဟု ပြောသည်။

“စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ကြောက်မက်ဖွယ်ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့အပြည့်အ၀ တာဝန်ခံမှု ရှိကို ရှိရပါမယ်” ဟု Tom Andrews က ပြောသည်။

NUCC ၏ ပထမအကြိမ် ပြည်သူ့ညီလာခံသည် အရေးပါပြီး သမိုင်းဝင်ညီလာခံဖြစ်ကြောင်းနှင့် မ တူကွဲပြားမှုများကို လက်ခံနားလည်ကာ အပြန်အလှန် လေးစားမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ဖြင့် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ဆွေးနွေးကြရန် ၎င်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။