Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာနိုင်ငံ၏ ကံကြမ္မာ ပြည်သူလူထု၏လက်ထဲ၌သာရှိကြောင်း ကုလအထူးအစီရင်ခံစာတင်သွင်းသူပြော

“စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ကြောက်မက်ဖွယ်ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့အပြည့်အ၀ တာဝန်ခံမှု ရှိကို ရှိရပါမယ်” ဟု Tom Andrews က ပြောသည်။

အကြမ်းဖက်စစ်တပ်ကို အရေးယူလုပ်ဆောင်ရေး နိုင်ငံတကာအသိုင်းအဝန်းကို ထပ်မံတိုက်တွန်း မည်ဟုဆို

မြန်မာနိုင်ငံ၏ ကံကြမ္မာသည် မြန်မာပြည်သူလူထု၏ လက်ထဲ၌ရှိနေပြီး လက်ရှိတော်လှန်ရေးတွင် ရဲဝံ့စွာပါဝင်နေသူအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ပြောသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး မြန်မာ စစ်တပ်က လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန် နေမှုများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ထပ်မံတင်ပြမည်ဟု ဆိုသည်။

“ဒီ တရားမဝင်၊ လူမဆန်တဲ့ စစ်ကောင်စီကို မဖြစ်မနေတားဆီးပိတ်ပင်ဖို့ နိုင်ငံတကာအသိုင်းအဝန်း ကို ကျွန်တော်ပြောမှာပါ။ အချိန်မနှောင်းခင် ကုလအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကိုအရေးယူဖို့နဲ့ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း တင်ပြအစီရင်ခံသွားမှာ ပါ” ဟု Tom Andrews က ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုရန် ငြင်း ပယ်ရေး၊ ပိုင်ဆိုင်မှုနှင့် အခွန်ဘဏ္ဍာငွေများကို တားဆီးပိတ်ပင်ရေး၊ တရားဝင်မှု မပေးရေး၊ စစ်လက်နက်များမတင်ပို့ရေးအပါအဝင် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန်လည်း ကုလအထူးအစီရင်ခံစာတင်သွင်းသူက တိုက်တွန်းမည်ဟု ပြောသည်။

“စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ကြောက်မက်ဖွယ်ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့အပြည့်အ၀ တာဝန်ခံမှု ရှိကို ရှိရပါမယ်” ဟု Tom Andrews က ပြောသည်။

NUCC ၏ ပထမအကြိမ် ပြည်သူ့ညီလာခံသည် အရေးပါပြီး သမိုင်းဝင်ညီလာခံဖြစ်ကြောင်းနှင့် မ တူကွဲပြားမှုများကို လက်ခံနားလည်ကာ အပြန်အလှန် လေးစားမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ဖြင့် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ဆွေးနွေးကြရန် ၎င်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။