Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားတစ်ဦး ထပ်မံလာရောက်ပူးပေါင်းဟု KNU တပ်မဟာ(၅) ထုတ်ပြန်၊ အာဏာသိမ်းပြီးနောက် တပ်မဟာ(၅)ထံခိုလှုံသည့် စစ်ကောင်စီတပ်သား ၅၀ကျော်အထိရှိလာ

ရှေ့တန်းတပ်စခန်းမှ အရာရှိများ၏ အနိုင်ကျင့်မှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှုတို့ကြောင့် ခမရ(၄၃၉) အခြေစိုက်ရာ စောမူပလောစခန်းအား စွန့်ခွာကာ လက်နက်သုံးလက်နှင့်အတူ ပူးပေါင်းလာခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၅)က ဇန်နဝါရီ ၇ရက်တွင် ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)ထံသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး ထပ်မံလာရောက်ပူးပေါင်းလာကြောင်း တပ်မဟာ(၅)က ယနေ့ ဇန်နဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ဖာပွန်မြို့တွင် ယခုလာရောက် အခြေချသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၆၄၂)မှတပ်သား မျိုးလွင်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အား မကြိုက်နှစ်သက်တော့သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅)သို့ လာရောက်အလင်းဝင်ခဲ့ ကြောင်း လက်နက်နှင့်အတူလာရောက်သည့် တပ်သား၏ပုံကို ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ခမရ (၄၃၉)တပ်မှ တပ်သားသုံးဦး တပ်မဟာ(၅)ထံ လာရောက်ခိုလှုံဖူးသည်။

ရှေ့တန်းတပ်စခန်းမှ အရာရှိများ၏ အနိုင်ကျင့်မှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှုတို့ကြောင့် ခမရ(၄၃၉) အခြေစိုက်ရာ စောမူပလောစခန်းအား စွန့်ခွာကာ လက်နက်သုံးလက်နှင့်အတူ ပူးပေါင်းလာခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၅)က ဇန်နဝါရီ ၇ရက်တွင် ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ (၅)ထံ လက်နက်ချက်အလင်းဝင်လာသူ ၅၀ကျော်ရှိပြီဖြစ်ကြောင်း တပ်မဟာ(၅)၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

လက်နက်ချ အလင်းဝင်လာသူ အများစုမှာ စကခ (၈)လက်အောက်ခံတပ်ရင်းမှ တပ်သားအများစုဖြစ်သည်ဟု ဆိုသည်။

” ဒီလို အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်လာသူ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ကျွန်တော်တို့ဘက်ကတော့ လှိုက်လဲပျူငှာစွာနဲ့ လက်ခံကြိုဆိုပါတယ်။ ရှေ့လျှောက် အနာဂတ် ဘာလုပ်ချင်၊ ဘာဖြစ်ချင် တာကတော့ သူတို့အပေါ်မှာပဲမူတည်တယ်။ ကျွန်တော်တို့နဲ့ နေသွား ရင်လည်းလက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတက်နိုင်ဆုံး စီစဉ်ပေးပါတယ်”ဟု တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မျူးချုပ် စောမူဟဲက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။