ရန်ကုန်မြို့ လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိအကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောရေးစခန်းဂိတ်ပေါက်ဝကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း From Zero To Heroက အသိပေးထုတ်ပြန်သည်။
ယနေ့ (ဇန်နဝါရီ ၂၈) နံနက် ၅ နာရီ ၂၀မိနစ်ခန့်က ဖောက်ခွဲခဲ့သည့် ဗုံး၏ ပေါက်ကွဲအားကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။
ပေါက်ကွဲမှုအပြီး တပ်တွင်းမှ Light Truck ကားတစ်စီးပေါ်တွင် အရပ်ဝတ်များဖြင့် လူများက စစ်ကြောရေးစခန်းအနီးတဝိုက်ကို ရှာဖွေမှုများကိုပြုလုပ်ခဲ့သည်။
ဖောက်ခွဲရန် ကျန်ရှိနေသော ဗုံး(၁)လုံးအားဖောက်ခွဲမှု ပြုလုပ်ရာတွင်အခက်အခဲတစ်ခုကြောင့် ပေါက်ကွဲခြင်းမရှိခဲ့ဘဲ စစ်ကောင်စီ၏ သိမ်းယူခြင်းခံလိုက်ရကြောင်း အသိပေးသည်။

Public Service Announcement
လက်ရှိတွင် တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံရာသို့ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယမန်နေ့(ဇန်နဝါရီ ၂၇ ရက်)ညပိုင်းကလည်း သာကေတမြို့နယ် အမှတ်(၂) ရဲစခန်းကို သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် သန်လျင်လျှပ်စစ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများရှိခဲ့သည်။


















































