Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးက ရွှေဆိုင်၂ ဆိုင်ကို ဓားပြတိုက်သွားသူတွေကိုမိပြီလို့ စစ်ကောင်စီထုတ်ပြန်

ဓားပြတိုက်မှုကတော့ မောသစ်နဲ့ ဝိန့်လီရွှေဆိုင်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ ဒီဇင်ဘာလတွေထဲက ဖြစ်ခဲ့တာပါ။

မန္တလေးမြို့ ရွှေဆိုင် ၂ ဆိုင်ကို လက်နက်နဲ့ဓားပြတိုက်သွားသူတွေ ကို ဖမ်းမိပြီလို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဖမ်းမိထားသူ စာရင်းကို ထုတ်ပြန်ရာမှာ ၁၀ ဦးပါဝင်တယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။

ဓားပြတိုက်မှုကတော့ မောသစ်နဲ့ ဝိန့်လီရွှေဆိုင်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ ဒီဇင်ဘာလတွေထဲက ဖြစ်ခဲ့တာပါ။

ဖမ်းဆီးရမိသူတွေဟာ ရွှေဆိုင်နှစ်ဆိုင်လုံးကိုဓားပြတိုက်ခဲ့သူတွေလို့စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအမျိုးသားတွေဆီကနေ ပစ္စတိုသေနတ် ၂ လက်၊ကျည် ၂၀ တောင့်၊လက်ပစ်ဗုံး ၂ လုံး၊ရွှေထည်ပစ္စည်း ၂ ပိဿာ ၄၄ ကျပ်သားခန့်၊ ငွေသား ကျပ်သိန်း ၅၁၀ တို့ ကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။