ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခြင်းမရှိသေး
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများကို ရပ်တန့်ရေး ကမ္ဘာ့နိုင်ငံအစိုးရများက အရေးပေါ်တိုးမြှင့်လုပ်ဆောင်ရမည်ဟု Justice for Myanmar က ယနေ့(ဇန်နဝါရီ ၂၈ ရက်) တိုက်တွန်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု(၁) နှစ်ပြည့်ချိန်တွင် စစ်ခေါင်းဆောင်များကို ကမ္ဘာ့နိုင်ငံအစိုးရများက ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုအခြေအနေကို Justice for Myanmar က နှိုင်း ယှဉ်အစီရင်ခံထုတ်ပြန်ခြင်းဖြစ်သည်။
အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နယူးဇီလန်တို့က စစ်ခေါင်းဆောင်များ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စစ်တပ်နှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြသော်လည်း ဒေသတွင်း ဒီမိုကရေစီနိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က အာဏာသိမ်းရန်ကြိုးပမ်းသည့် စစ်တပ်ကို အရေးယူမှု ပြုလုပ်ထားခြင်းမရှိသေးပေ။

Public Service Announcement
အဆိုပါအချက်အလက်များအရ အရေးပါသည့်ကမ္ဘာ့နိုင်ငံအစိုးရများသည် အကြမ်းဖက်မြန်မာစစ်တပ်အပေါ် အရေးယူမှုအားနည်းနေပြီး ယခုထက်ပိုမိုသည့် ဒဏ်ခတ်ပိတ်ဆို့ရန် အရေးပေါ်လို အပ်ကြောင်းJustice for Myanmar က ထောက်ပြ သည်။


















































