Connect with us

Hi, what are you looking for?

News

လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုနှိုက်အဖွဲ့များကို မုံရွာနှင့်​ချောင်းဦး PDF များသတိပေး

အလားတူ မုံရွာမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ် လောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြသူများအား နောက်ဆုံးအနေဖြင့်သတိပေးကြောင်း၊ မိဘပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများရှိရာသို့ သွားရောက်ခြင်းမပြုကြရန် ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများက မေတ္တာရပ်ခံသည်။

(သပိတ်ကျင်းမြို့နယ်မှ ကြက်ဝိုင်းတစ်ခုကို​တွေရစဥ်။ ဓါတ်ပုံ- TR)

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးမြို့နယ်များရှိ လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုနှိုက်အဖွဲ့များအား မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကသတိပေးသည်။

ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် သူခိုးများ သောင်းကျန်းထကြွနေပြီး ပြည်သူလူထု၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေသည်ဟု ကြားသိရကြောင်း၊ ထိုသို့သောင်းကျန်းနေသော လူ့အမှိုက် ဆန်ကုန်မြေလေးများကို ဖမ်းဆီး၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြင်းထန်စွာသတိပေးထားသည်။

အလားတူ မုံရွာမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ် လောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြသူများအား နောက်ဆုံးအနေဖြင့်သတိပေးကြောင်း၊ မိဘပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများရှိရာသို့ သွားရောက်ခြင်းမပြုကြရန် ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများက မေတ္တာရပ်ခံသည်။

“ကျွန်မတို့ Ocean မြောက်ဘက်တာရိုးပေါ် ၊အောက် နေရာအမျိုးစုံမှာ မင်းသမီးမင်းသားပုံ၊ ဟောင်စည်ဖဲဝိုင်းအလင်းပေါက်နေ့ ၊ညမပျက်ဘူး။ ညဆိုမြစ်ကမ်းနဖူပေါ်မှာ ဖဲဝိုင်းထောင် မူးပြီးဆူကြနဲ့။ သူတို့ကတစ်ညအကောက် ၃၊၄သောင်းရပေမဲ့ ကျမတို့ကအိပ်မရပါဘူး။ကျွန်မတို့က နေ့မှာလုပ်စားရတော့ ညလေးအိပ်ရတာ”ဟု မုံရွာဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးယန္တရားပျက်စီးကာ အမြို့မြို့အနယ်နယ်ရှိ ဥပဒေမဲ့လုပ်ရပ်များ ပိုမိုများပြားလာပြီး စစ်တပ်နှင့်ရဲအားလိုင်းကြေးပေးကာဖွင့်နေသော လောင်းကစားဝိုင်းများ၊ မြို့လည်ခေါင်မှာပင် လုယက်မှုပြုလုပ်နေသောခိုးဆိုးလုနှိုက်များ ပေါများလာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။