Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံရှိ မြန်မာစစ်ရှောင်စခန်းကို ပိတ်လိုက်သော်လည်း သောင်းရင်းမြစ်ကမ်းဘေး၌ စစ်ရှောင်သုံးထောင်ခန့် ကျန်နေ

လတ်တလောတွင် တိုက်ပွဲများ ငြိမ်သက်နေ၍ ဒေသခံ အချို့မှာ နေရပ်သို့ ပြန်လည်နေထိုင်ကြသော်လည်း လေးကေ့ကော်မြို့သစ်နှင့် ထီးမယ်ဝါးခီးဒေသမှ ပြည်သူများမှာ မပြန်ရဲကြသေးဟု ဆိုသည်။

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

လေးကေ့ကော်ဒေသ တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများကို ယာယီထားရှိသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲ့ကိုကင်းစစ်ရှောင်စခန်းကို ယမန်နေ့က ပိတ်သိမ်းလိုက်ကြောင်း နယ်စပ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

၂၀၂၁ ဒီဇင်ဘာလလယ်က စတင်ခဲ့သည့် ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်ဒေသ တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီပြီး ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

“သူ့စခန်းက လူတွေအကုန်ပြန်ပို့ပြီးပြီဆိုတော့ ပိတ်လိုက်တာပေါ့။ တချို့ပြန်လို့ရတဲ့သူက ပြန်သွားတာပေါ့။ ပြန်လို့မရတဲ့သူကတော့ နယ်ခြားသောင်ရင်းမြစ် မြန်မာဘက်ခြမ်းနဲ့ ထိုင်းဘက်ခြမ်းမှာ ဆက်ရှိနေတာပေါ့။ သုံးထောင်လောက် ဆက်ရှိနေသေးတယ်” ဟု နယ်စပ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

လတ်တလောတွင် တိုက်ပွဲများ ငြိမ်သက်နေ၍ ဒေသခံ အချို့မှာ နေရပ်သို့ ပြန်လည်နေထိုင်ကြသော်လည်း လေးကေ့ကော်မြို့သစ်နှင့် ထီးမယ်ဝါးခီးဒေသမှ ပြည်သူများမှာ မပြန်ရဲကြသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

“ညှိနှိုင်းတာမျိုးတော့ ဘာမှ မကြားဘူး အခြေအနေက ဘာကြောင့်ငြိမ်လဲတော့ မသိဘူး အခုကတော့ ငြိမ်နေတယ်။ အဓိက ဖြစ်တဲ့ လေးကေ့ကော်တို့ ထီးမယ်ဝါးခီးတို့ ကလူတွေ ဘယ်ပြန်ရဲမလဲ။ သူတို့ ပြောတာက သူတို့ ပြန်ရင် အန္တရာယ် ရှိနိုင်တဲ့အတွက် သူတို့ မပြန်ဘူး”ဟု နယ်စပ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ အလွန်အကျွံအသုံးပြုပစ်ခတ်ခြင်းများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ စစ်ဘေးရှောင်ကြရပြီး ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သူ ထောင်နှင့်ချီရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ် စစ်ရှောင်စခန်းတွေမှာ လေပြင်းကြောင့် စစ်ရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံ တစ်ဦးက ပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။