Connect with us

Hi, what are you looking for?

News

ယနေ့နံနက် ဖယ်ခုံတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဟု PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက ရပ်ကွပ်အတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ကယားပြည်နယ်ဘက်သို့ အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံက ပြောသည်။

အရာရှိအဆင့်များပါဝင်ဟု ဒေသခံပြော၊ စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်

ရှမ်း – ကယားနယ်စပ် ဖယ်ခုံမြို့နယ်တစ်နေရာတွင် ယနေ့နံနက်က တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဖယ်ခုံ PDFက ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၂၉ ရက်) နံနက် ၆နာရီခွဲခန့်ကစ ၍ ၉ နာရီ ၁၀မိနစ်အထိ ဖယ်ခုံမြို့ ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရား နေရာမအကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းကို ပြည်သူ့တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က သေဆုံးမှုများသဖြင့် နံနက် ၈နာရီ ၅၀မိနစ်တွင် တိုက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲပစ်ခတ်မှုများရှိခဲ့ရာ ဖယ်ခုံ PDF မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် နံနက် ၉ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် အရာရှိအဆင့်ပါဝင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ယနေ့မနက် ဖယ်ခုံတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အကျအဆုံးများပြီး ဗိုလ်အဆင့် ပါဝင်”ဟု ဒေသခံ တစ်ဦးက ဖယ်ခုံတိုက်ပွဲအခြေအနေကို ၎င်း၏ လူမှုကွန်ရက်တွင်ရေးသားထားသည်။

ရှမ်း-ကယား နယ်စပ်တွင်ထိုင်သူ တစ်ဦးကလည်း “ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ကုန်းသာ ၊ မိုးဗြဲဘက်မှာ။ လေယာဉ်နဲ့ပါလာချတာ။ ဒီနေ့လည်း ထပ်ဖြစ်တယ်။ ဖယ်ခုံနဲ့ မိုးဗြဲဘက်မှာ။ တော်တော်လေးကို ဖြစ်နေတာ။ စစ်ကြောင်းက မိုးဗြဲဘက်ကို ထိုးလာတဲ့အခါ ဒီဘက်က PDFနဲ့ နောက်ပြီးတော့ ဒီဘက်က အဖွဲ့ကြီးတွေနဲ့ စုပေါင်းပြီး ပြန်လည်ခုခံနေတာပေါ့။ ဒီနေ့ သူတို့ စစ်ကြောင်းတော်တော်လေးကို ရှုံးနိမ့်နေတယ်ကြားတယ် တပ်ဘက်က အများကြီးကျတယ်ကြားတယ်” ဟု ပြောသည်။

Public Service Announcement

ယနေ့နံနက် လေယာဉ်နှင့် ဗုံးကြဲသွားသည်ကိုလည်း အသံကြားလိုက်ရကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရပ်ကွပ်အတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ကယားပြည်နယ်ဘက်သို့ အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံက ပြောသည်။

ထို့ကြောင့် ပင်လောင်း – ဖယ်ခုံလမ်းနှင့် ဖယ်ခုံ – လွိုင်ကော်လမ်းများကို ပြည်သူများ လတ်တလော သွားလာခြင်းမပြုရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။