Connect with us

Hi, what are you looking for?

News

​ကောလင်းနယ်တွင် စစ်​ကြောင်းထိုးလာ​​သော စစ်​ကောင်စီတပ် မိုင်းဆွဲခံရ၊ ၁၀ဦးခန့် ​သေဆုံးနိုင်

“မိုင်းဆွဲခဲ့တာ အဓိကပေါ့။ ကျွန်တော်တို့ဘက်ကတည်နေရာပြ ပစ်ခတ်တာမျိုးမလုပ်ဘူး။ မိုင်းဆွဲ ပြီး သူတို့ ထိခိုက်တယ်ဆိုတာ အတည်ပြု နိုင်တတာနဲ့ ချက်ချင်း ပြန်ဆုတ်ခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကောလင်းမြို့အနောက်ဘက်သို့စစ်ကြောင်းထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း The Secret Warrior Kawlin က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၉ ရက်) နံနက် ၁၀နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၆၀ပါ စစ်ကြောင်းကို ပြောက်ကျားနည်းအသုံးပြုကာ မင်းတဲကြီးရပ်ကွက် နှင့် ရွာမရွာကြား၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူက ဆို သည်။

“မိုင်းဆွဲခဲ့တာ အဓိကပေါ့။ ကျွန်တော်တို့ဘက်ကတည်နေရာပြ ပစ်ခတ်တာမျိုးမလုပ်ဘူး။ မိုင်းဆွဲ ပြီး သူတို့ ထိခိုက်တယ်ဆိုတာ အတည်ပြု နိုင်တတာနဲ့ ချက်ချင်း ပြန်ဆုတ်ခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

ယနေ့ နံနက်အစောပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ၆၀(မမ)အသုံးပြုတိုက်ခိုက်ခြင်းကြောင့် ကောလင်းမြို့ ကန်လည်ကြီးရွာမှ ပြည်သူအမျိုးသမီးနှစ်ဦး ကျည်ထိမှန် သဖြင့် အရေးပေါ်ဆေးကုသနေရကြောင်း ကောလင်စ ပ.က.ဖ က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။