Connect with us

Hi, what are you looking for?

LuduNwayOo

News

​ကောလင်းနယ်တွင် စစ်​ကြောင်းထိုးလာ​​သော စစ်​ကောင်စီတပ် မိုင်းဆွဲခံရ၊ ၁၀ဦးခန့် ​သေဆုံးနိုင်

“မိုင်းဆွဲခဲ့တာ အဓိကပေါ့။ ကျွန်တော်တို့ဘက်ကတည်နေရာပြ ပစ်ခတ်တာမျိုးမလုပ်ဘူး။ မိုင်းဆွဲ ပြီး သူတို့ ထိခိုက်တယ်ဆိုတာ အတည်ပြု နိုင်တတာနဲ့ ချက်ချင်း ပြန်ဆုတ်ခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ကောလင်းမြို့အနောက်ဘက်သို့စစ်ကြောင်းထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း The Secret Warrior Kawlin က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၉ ရက်) နံနက် ၁၀နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၆၀ပါ စစ်ကြောင်းကို ပြောက်ကျားနည်းအသုံးပြုကာ မင်းတဲကြီးရပ်ကွက် နှင့် ရွာမရွာကြား၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူက ဆို သည်။

“မိုင်းဆွဲခဲ့တာ အဓိကပေါ့။ ကျွန်တော်တို့ဘက်ကတည်နေရာပြ ပစ်ခတ်တာမျိုးမလုပ်ဘူး။ မိုင်းဆွဲ ပြီး သူတို့ ထိခိုက်တယ်ဆိုတာ အတည်ပြု နိုင်တတာနဲ့ ချက်ချင်း ပြန်ဆုတ်ခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

ယနေ့ နံနက်အစောပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ၆၀(မမ)အသုံးပြုတိုက်ခိုက်ခြင်းကြောင့် ကောလင်းမြို့ ကန်လည်ကြီးရွာမှ ပြည်သူအမျိုးသမီးနှစ်ဦး ကျည်ထိမှန် သဖြင့် အရေးပေါ်ဆေးကုသနေရကြောင်း ကောလင်စ ပ.က.ဖ က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။