Connect with us

Hi, what are you looking for?

News

မင်းနန္ဒာလမ်းပေါ် ကင်းလှည့်နေသည့် စစ်ကား ဗုံးပစ်တိုက်ခိုက်ခံရ၊ ငါးဦးထက်မနည်း​သေဆုံးဒဏ်ရာရ

“ဒေါပုံ Fortune Plaza နား ဝက်စုမှတ်တိုင်နားက ဗုံးပေါက်သံလည်း ကြားတယ်။ ပစ်ခတ်သံ တွေလည်း ကြားရတယ်။ Ambulance ကားတွေလည်း သွားနေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်၍ ပြည်သူနှစ်ဦးကျည်ထိပြီး တစ်ဦးသေဆုံးဟုဆို

သာကေတမြို့နယ် မင်းနန္ဒာလမ်းကြီး ဝက်စုမှတ်တိုင်အနီး ကင်းလှည့်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှကားတစ်စီးကို အမည်မသိအဖွဲ့တစ်ခုက ဗုံးပစ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၉)ညနေ ၅ နာရီခွဲခန့်က မင်းနန္ဒာလမ်းပေါ်ကင်းလှည့်နေသည့် စစ်ကားကို ဗုံးပစ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းရှိကြောင်း ဒေသခံများက ပြောသည်။

“ဒေါပုံ Fortune Plaza နား ဝက်စုမှတ်တိုင်နားက ဗုံးပေါက်သံလည်း ကြားတယ်။ ပစ်ခတ်သံ တွေလည်း ကြားရတယ်။ Ambulance ကားတွေလည်း သွားနေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးပစ်တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်မှ အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ရာ အရပ်သားပြည်သူနှစ်ဦး သေနတ်ကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ပြည်သူနှစ်ယောက် ထိတယ်။ တစ်ယောက်ကခေါင်းပေါ်(ဆံပင်)ထိတာ ဘာမှမဖြစ်ဘူး။ နောက်တစ်ယောက် သေးသွားတယ် ဗိုက်ထိပြီး”ဟု ၎င်းက ပြောသည်။

အထက်ပါအခြေအနေများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ အခင်းဖြစ်နေရာအနီး ထပ်မံရောက်ရှိလာကာ မင်းနန္ဒာလမ်းအပါ အဝင် သာကေတမြို့နယ်နှင့် ဆက်သွယ်ထားသည့် အဝင်အထွက်တံတားများ၌ ပိတ်ဆို့စစ် ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများကဆက်​ပြောသည်။

အထက်ပါဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူအရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အရေအတွက်အတိအကျကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ