Connect with us

Hi, what are you looking for?

News

လင်းကတောရဲစခန်း စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီရဲများက မိသားစုဝင်များကိုထား၍ ထွက်ပြေး

ရဲတပ်ဖွဲ့မိသားစုဝင်များကလည်း သက်ဆိုင်ရာတာဝန်ကျနေသော အိမ်သားများကို ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြရန် တိုက်တွန်းပေးစေလိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်သားများကတိုက်တွန်းခဲ့ကြသည်။

(စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ပစ္စည်းများကို တွေ့ရစဥ်၊ ဓာတ်ပုံ - ဆားလင်းကြီး PDF)

●စွန်ခွာထွက်​ပြေးသွား​သော ရဲများ ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြ​ရန် ကျန်ရစ်ခဲ့​သောမိသားစုဝင်များကို PDF တိုက်တွန်းခဲ့

မကွေးတိုင်း မြိုင်မြို့နယ်ရှိ လင်းကတောနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက စီးနင်းတိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီလက်ပါးစေရဲများက ၎င်းတို့၏ မိသားစုဝင်များကို စွန့်ခွာထွက်ပြေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၉ ရက်) မွန်းလွဲပိုင်းတွင် မြိုင်မြို့နယ် လင်းကတောကျေးရွာနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် တိုက်ခိုက်နေရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မိသားစုဝင်များကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့မိသားစုဝင်များကလည်း သက်ဆိုင်ရာတာဝန်ကျနေသော အိမ်သားများကို ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြရန် တိုက်တွန်းပေးစေလိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်သားများကတိုက်တွန်းခဲ့ကြသည်။

လင်းကတောနယ်မြေရဲစခန်း သိမ်းပိုက်မှုအပြီး G3 ငါးလက်၊အူဇီ သုံးလက်၊ ခြောက်လုံးပြူးတစ်လက်၊ ကျည်မျိုးစုံ(၆၀၀)၊ ဗုံးသီး(၇)လုံး၊လက်တော့(၂)လုံး၊ပရင်တာတစ်လုံး၊ဆိုင်ကယ်(၄)စီးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။