Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗိုလ်ကြီးအပါအဝင် စစ်​ကောင်စီတပ်၁၀ ဦး​သေ​သောကုန်းဆုံဘုရား​တောင် တိုက်ပွဲတွင် လက်စွမ်းပြခဲ့​သော ဖယ်ခုံPDF ၌ အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးပါဝင်

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ DSA-49 ဆင်း ဗိုလ်ကြီး စိုးနိုင်အပါအဝင် စစ်​ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့​ကြောင်းဖယ်ခုံ PDF ကထုတ်ပြန်သည်။ ဖယ်ခုံ PDFဘက်မှာ၂ ဦးဒဏ်ရာရရှိပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်ကာကျန်တစ်ဦးမှာ ပွန်းပဲ ဒဏ်ရာဖြစ်သည်။

(ဝိုင်းပြထား​သောအရာအလယ်မှတပ်ဖွဲ့ဝင်မှာဂျက်မဖြစ်သည်။ ဓါတ်ပုံ- ဖယ်ခုံ-PDF)

အာဏာသိမ်းစစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦး​သေဆုံးခဲ့​သော ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ ၊ကုန်းဆုံဘုရားတောင်တိုက်ပွဲတွင် PDFဖယ်ခုံတပ်ဖွဲ့ဝင်များတွင် အမျိုးသမီးPDFတစ်ဦးပါဝင်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့-PDF(ဖယ်ခုံ) က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အမျိုးသား PDF တပ်ဖွဲ့ဝင်များနှင့်အတူကုန်းဆုံဘုရား​တောင်တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသမီးတပ်ဖွဲ့ဝင်သည် PDF(ဖယ်ခုံ)က ဂျက်မဖြစ်ပြီး အထူးကွန်မန်ဒို သင်တန်းသင်တန်းဆင်းတစ်ယောက်ဖြစ်ကာ သန်မာဖြတ်လတ်သူတစ်ဦးဖြစ်သည်ဟု PDF(ဖယ်ခုံ)က ထုတ်ပြန်ထားသည်။

ယနေ့ကုန်းဆုံ ဘုရားတောင်တိုက်ပွဲတွင် PDF(ဖယ်ခုံ)က ဂျက်မနှင့် ရဲဘော်များက ၎င်းတို့စိတ်ကြိုက်တာဝန်ယူရန်အပိုင်းများနှင့် ဗျူဟာများရေးဆွဲခဲ့ကြခြင်းဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ DSA-49 ဆင်း ဗိုလ်ကြီး စိုးနိုင်အပါအဝင် စစ်​ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့​ကြောင်းဖယ်ခုံ PDF ကထုတ်ပြန်သည်။ ဖယ်ခုံ PDFဘက်မှာ၂ ဦးဒဏ်ရာရရှိပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်ကာကျန်တစ်ဦးမှာ ပွန်းပဲ ဒဏ်ရာဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်ရန် နိုင်ငံတစ်ဝန်းစစ်ပညာသင်ယူ​နေ​သောလူငယ်များတွင် အမျိုးသမီးများလည်းပါဝင်ပြီး ယခုအခါ PDF အမျိုးသမီးတပ်သားအချို့မှာ အမျိုးသားများနှင့်တန်းတူ အကြမ်းဖက်စစ်တပ်အား ရင်ဆိုင်တိုက်ခိုက်လာကြခြင်းဖြစ်သည်။

ယနေ့တိုက်ပွဲဝင်ခဲ့သည့် ဖယ်ခုံ PDFမှ အမျိုးသမီးတပ်ဖွဲ့ဝင် ဂျက်မသည် တက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူထား​သော ​သေနတ်ဖြင့်တိုက်ပွဲဝင်ခဲ့ခြင်းလည်းဖြစ်သည်။သူမ ၏ ​ဆောင်ပုဒ် မှာ “လိပ်ပြာလုံပါ​စေ” ဟူ၍ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။