Connect with us

Hi, what are you looking for?

News

ဗိုလ်ကြီးအပါအဝင် စစ်​ကောင်စီတပ်၁၀ ဦး​သေ​သောကုန်းဆုံဘုရား​တောင် တိုက်ပွဲတွင် လက်စွမ်းပြခဲ့​သော ဖယ်ခုံPDF ၌ အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးပါဝင်

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ DSA-49 ဆင်း ဗိုလ်ကြီး စိုးနိုင်အပါအဝင် စစ်​ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့​ကြောင်းဖယ်ခုံ PDF ကထုတ်ပြန်သည်။ ဖယ်ခုံ PDFဘက်မှာ၂ ဦးဒဏ်ရာရရှိပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်ကာကျန်တစ်ဦးမှာ ပွန်းပဲ ဒဏ်ရာဖြစ်သည်။

(ဝိုင်းပြထား​သောအရာအလယ်မှတပ်ဖွဲ့ဝင်မှာဂျက်မဖြစ်သည်။ ဓါတ်ပုံ- ဖယ်ခုံ-PDF)

အာဏာသိမ်းစစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦး​သေဆုံးခဲ့​သော ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ ၊ကုန်းဆုံဘုရားတောင်တိုက်ပွဲတွင် PDFဖယ်ခုံတပ်ဖွဲ့ဝင်များတွင် အမျိုးသမီးPDFတစ်ဦးပါဝင်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့-PDF(ဖယ်ခုံ) က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အမျိုးသား PDF တပ်ဖွဲ့ဝင်များနှင့်အတူကုန်းဆုံဘုရား​တောင်တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသမီးတပ်ဖွဲ့ဝင်သည် PDF(ဖယ်ခုံ)က ဂျက်မဖြစ်ပြီး အထူးကွန်မန်ဒို သင်တန်းသင်တန်းဆင်းတစ်ယောက်ဖြစ်ကာ သန်မာဖြတ်လတ်သူတစ်ဦးဖြစ်သည်ဟု PDF(ဖယ်ခုံ)က ထုတ်ပြန်ထားသည်။

ယနေ့ကုန်းဆုံ ဘုရားတောင်တိုက်ပွဲတွင် PDF(ဖယ်ခုံ)က ဂျက်မနှင့် ရဲဘော်များက ၎င်းတို့စိတ်ကြိုက်တာဝန်ယူရန်အပိုင်းများနှင့် ဗျူဟာများရေးဆွဲခဲ့ကြခြင်းဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ DSA-49 ဆင်း ဗိုလ်ကြီး စိုးနိုင်အပါအဝင် စစ်​ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့​ကြောင်းဖယ်ခုံ PDF ကထုတ်ပြန်သည်။ ဖယ်ခုံ PDFဘက်မှာ၂ ဦးဒဏ်ရာရရှိပြီး တစ်ဦးမှာဒဏ်ရာပြင်းထန်ကာကျန်တစ်ဦးမှာ ပွန်းပဲ ဒဏ်ရာဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်ရန် နိုင်ငံတစ်ဝန်းစစ်ပညာသင်ယူ​နေ​သောလူငယ်များတွင် အမျိုးသမီးများလည်းပါဝင်ပြီး ယခုအခါ PDF အမျိုးသမီးတပ်သားအချို့မှာ အမျိုးသားများနှင့်တန်းတူ အကြမ်းဖက်စစ်တပ်အား ရင်ဆိုင်တိုက်ခိုက်လာကြခြင်းဖြစ်သည်။

ယနေ့တိုက်ပွဲဝင်ခဲ့သည့် ဖယ်ခုံ PDFမှ အမျိုးသမီးတပ်ဖွဲ့ဝင် ဂျက်မသည် တက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူထား​သော ​သေနတ်ဖြင့်တိုက်ပွဲဝင်ခဲ့ခြင်းလည်းဖြစ်သည်။သူမ ၏ ​ဆောင်ပုဒ် မှာ “လိပ်ပြာလုံပါ​စေ” ဟူ၍ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။