Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများ ဖာပွန်မြို့မှထွက်ခွာကြရန် KNU တပ်မဟာ(၅)ကြေညာ

လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခြင်းနှင့်အတူ အသိပေးအကြောင်းကြားအပ်ပါသည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။

(မူတြော်(ဖာပွန်)ခရိုင်တွင် ၂၀၂၁မတ်လ ၁၇ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြနေစဥ်)

မြို့ခံဝန်ထမ်းများလည်း စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ခြင်းမှ ရှောင်ရှားရန် သတိပေး

ကရင်ပြည်နယ် မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဘက်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ အားလုံး မိမိနေထိုင်ရာဒေသသို့ အတားအဆီးမဲ့ ရေလမ်းခရီးဖြင့် ဖာပွန်မြို့မှ သတ်မှတ်သည့် အချိန်နေ့ရက်အတွင်း ထွက်ခွာကြရန် ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) တပ်မဟာ (၅) စစ်ရုံးချုပ်က ယနေ့ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၉ရက်စွဲပါ စာကို တပ်မဟာ(၅)၏ မူတြော်သတင်းစဉ်က ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့ခံဝန်ထမ်းများသည်လည်း စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာတာဝန်များ ထမ်းဆောင်ခြင်းမှ ရှောင်ရှားကြရန် အသိပေးအကြောင်း ကြားအပ်သည်ဟု ဖော်ပြထားသည်။

လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခြင်းနှင့်အတူ အသိပေးအကြောင်းကြားအပ်ပါသည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ KNU/KNLA တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်စေရန်ဖြစ်သည်ဟု ဆိုသည်။

တပ်မဟာ(၅)သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး အဆိုပါနယ်မြေ၌ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို