Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော် လည်း စာကြည့်တိုက်နှင့် အစည်းအဝေးလုပ်ရန် တည် ဆောက်ထားသည့် အဆောက်အဦး ပျက်စီးမှုဖြစ်ခဲ့သည်ဟု ပြောသည်။

(​လေ​ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ပျက်စီးသွား​သော အ​ဆောက်အဦးများကို ​တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေသို့ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အဆောက်အဦ အချို့ပျက်စီးခဲ့ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၃၁ရက် နံနက် ၁နာရီခန့်တွင် ဖာပွန်ခရိုင် သေကော်ထာဒေသသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲလာခြင်းဖြစ်သည်ဟု ဆိုသည်။

(​လေ​ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ပျက်စီးသွား​သော အ​ဆောက်အဦးများကို ​တွေ့ရစဥ်)

“ညကဖြစ်တာ ဒါပေမဲ့ ဒီမနက်လို့ ပြောလို့ရတာပေါ့။ မနက်ဘက်ကူးသွားပြီ။ သူတို့လာပစ်တာက ကျွန်တော်တို့ စခန်းပေါ့။ ကျွန်တော်တို့ KNDO တပ်ရင်း(၁) စခန်းတစ်ခုပေါ့။ အဲဒါကို လာပစ်တာ။ အဲဒီနေရာကို အရင်တစ်ခေါက်ကလည်းလာပစ်ဖူးတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော် လည်း စာကြည့်တိုက်နှင့် အစည်းအဝေးလုပ်ရန် တည် ဆောက်ထားသည့် အဆောက်အဦး ပျက်စီးမှုဖြစ်ခဲ့သည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၉ရက်ကလည်း ဖာပွန်ခရိုင် ဖာပွန် – ကမမောင်း လမ်းရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံကလေးငယ် အပါအဝင် နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။ နေအိမ်များ ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့သည်။

(​လေ​ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ပျက်စီးသွား​သော အ​ဆောက်အဦးများကို ​တွေ့ရစဥ်)

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၅)နယ်မြေသို့ ညသန်းခေါင်းယံအချိန် လေကြောင်းမှ တိုက်ခိုက်မှုများကို ယခင်ကလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။