Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်တွင် ပြည်သူများပူး​ပေါင်းပါဝင်​ပေးရန် မြို့ပြ​ပျောက်ကျားအဖွဲ့များ ​မေတ္တာရပ်ခံ

စစ်ကိုင်းမြို့၊ ဘော်ဂါကျောက်ဝိုင်းမှ ကျောက်မျက်လုပ်ငန်းရှင်များ၊ ဈေးဆိုင်ခန်းပိုင်ရှင်များ၊ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မနက်ဖြန် ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ် (Silent Strike) သပိတ်အား ပြည်သူလုထုနှင့်အတူပူးပေါင်းပါဝင်ပေးကြပါရန် စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း မုံရွာနှင့် စစ်ကိုင်းမြို့နယ်များတွင် ပြည်သူများ အသံတိတ်သပိတ်၌ ပူးပေါင်းပါဝင်ပေးကြရန် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် မြို့ပြပျောက်ကြားအဖွဲ့များက မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်မှ လက်နက်အားကိုးကာ ပြည်သူတို့၏ အာဏာကို အဓမ္မသိမ်းပိုက်ခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်မည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်၊ ညနေ ၄ နာရီတွင် လက်ခုပ်တီးသပိတ်တို့ကို ပြုလုပ်မည်ဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သပိတ်အင်အားစုများနှင့် တော်လှန်ရေးအင်အားစုများမှ ကြေညာထားပြီးဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် ပါဝင်ပေးကြရန်နှင့် လိုက်နာပေးကြပါရန် ထပ်လောင်းမေတ္တာရပ်ခံကြောင်း မုံရွာအခြေစိုက် Monywa Nightking၊ Monywa Phoenix Warrior၊ Monywa The Boys၊ ACF Monywa & မုံရွာသံမဏိ စသည့်အဖွဲ့များက မေတ္တာရပ်ခံသည်။

အလားတူ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အထူးမေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါထုတ်ပြန်ချက်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူအားလုံး၏ ပါဝင်မှုဖြင့် ဖေဖေါ်ဝါရီလ ၁ ရက် နံနက် ၁၀နာရီ မှ ညနေ ၄နာရီထိ (အသံတိတ်သပိတ်) လမ်းပေါ်လူသူကင်းမဲ့ဇုံ ဖြစ်သွားရန် ပူးပေါင်းပါဝင်ပေးကြရန်နှင့် ညနေ ၄နာရီတိတိတွင် လက်ခုပ်တီး သပိတ် (အသံထွက်သပိတ်)ကို ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းမြို့၊ ဘော်ဂါကျောက်ဝိုင်းမှ ကျောက်မျက်လုပ်ငန်းရှင်များ၊ ဈေးဆိုင်ခန်းပိုင်ရှင်များ၊ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မနက်ဖြန် ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ် (Silent Strike) သပိတ်အား ပြည်သူလုထုနှင့်အတူပူးပေါင်းပါဝင်ပေးကြပါရန် စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ်သပိတ်မပြုလုပ်နိုင်ရန် ပြည်သူများအား ခြိမ်းခြောက်အကျပ်ကိုင်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး လမ်းပေါ်၌ လူရှိစေရန် တပ်မတော်ထောက်ခံပွဲများ ကျင်းပခိုင်းခြင်း၊ အစိုးရဝန်ထမ်းများအား မွန်းလွဲပိုင်းမှရုံးတက်စေခြင်း၊ စျေးဖွင့်ချိန်များတိုးမြှင့်ခြင်း၊ စက်ဘီးပြိုင်ပွဲ၊ ထမနဲထိုးပွဲများ ကျင်းပစေခြင်းတို့ဖြင့် ဖျက်ဆီးရန် စီစဥ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။