စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ ပျူစောထီးစခန်းကို တော်လှန်ရေးမဟာမိတ်များက တိုက်ခိုက်ရာ ပျူနှင့်စစ်ကောင်စီတပ်သား အနည်းဆုံး ငါးဦးသေဆုံးကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်မှာ ယနေ့ (ဇန်နဝါရီ ၃၁ရက်)နေ့လယ်က ငွေတွင်းကျေးရွာတွင် တပ်စွဲထားသော ရွာခံပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ စခန်းကို တော်လှန်ရေးမဟာမိတ်များက အချိန်ကိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးတွေက အရာတော်တောင်ဘက်ကို ရဟတ်ယာဥ်အသုံးပြုပြီး မွှေနေတဲ့အချိန် အရာတော်မြို့ နယ် အရှေ့ဘက်မှာရှိတဲ့ငွေတွင်းကျေးရွာကို ဝင်တိုက်တာ”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်မှ သေဆုံးသူများတွင် တော် လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၏ လက်နက်ကြီးထိမှန်၍ သေဆုံးသူအချို့ရှိသည်ဟုလည်း သိရသည်။

Public Service Announcement
၂၀၂၁ ဒီဇင်ဘာ ၆ ရက်က အရာတော်မြို့ နယ်၌ ပျူစောထီများအားကောင်းသော သလဲဘာကျေးရွာကို ARA ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်များဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး ပျူစောထီးခြောက်ဦးသေဆုံးထားသည်။


















































