Connect with us

Hi, what are you looking for?

News

ပြင်သစ်အစိုးရ NUGကို အမြန်ဆုံးအသိအမှတ်ပြုရေး အောက်လွှတ်တော်အနီး ဆန္ဒထုတ်ဖော်မည်

ရွေးကောက်ကိုယ်စားလှယ်များနှင့်အတူ ဖွဲ့စည်းထားသော NUGအစိုးရကသာ ပြည်သူ့အစိုးရ ဖြစ်ကြောင်း ပြင်သစ်အောက်လွှတ်တော်အမတ်များမှတဆင့် ကျန်နိုင်ငံတကာ အင်အားစုများ သိစေရန် အောက်လွှတ်တော်အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်လည်းဖြစ်သည်။

NUGအသိအမှတ်ပြုရေးအဆိုကို ပြင်သစ်အထက်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပြီးဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပြင်သစ်အစိုးရက အမြန်ဆုံးအသိ အမှတ်ပြုရေး တောင်းဆိုဆန္ဒထုတ်ဖော်ပွဲကို ပါရီမြို့ရှိ အောက်လွှတ်တော်အနီး ဖေဖော်ဝါရီ ၁ရက်တွင် ပြုလုပ်မည် ဖြစ်သည်။

ပြင်သစ်အစိုးရက(NUG)ကို အသိအမှတ်ပြုရေးအဆိုအား ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလဆန်းကတည်းက အထက်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပြီး အောက်လွှတ်တော်က ဆက်လက်အတည်ပြုရန် လိုအပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းကာ ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်မှု(၁)နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ရက်တွင် ပြင်သစ်နိုင်ငံရောက် မြန်မာအင်အားစုများက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ကိုယ်စားလှယ်များနှင့်အတူ ဖွဲ့စည်းထားသော NUGအစိုးရကသာ ပြည်သူ့အစိုးရ ဖြစ်ကြောင်း ပြင်သစ်အောက်လွှတ်တော်အမတ်များမှတဆင့် ကျန်နိုင်ငံတကာ အင်အားစုများ သိစေရန် အောက်လွှတ်တော်အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်လည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။