Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြင်သစ်အစိုးရ NUGကို အမြန်ဆုံးအသိအမှတ်ပြုရေး အောက်လွှတ်တော်အနီး ဆန္ဒထုတ်ဖော်မည်

ရွေးကောက်ကိုယ်စားလှယ်များနှင့်အတူ ဖွဲ့စည်းထားသော NUGအစိုးရကသာ ပြည်သူ့အစိုးရ ဖြစ်ကြောင်း ပြင်သစ်အောက်လွှတ်တော်အမတ်များမှတဆင့် ကျန်နိုင်ငံတကာ အင်အားစုများ သိစေရန် အောက်လွှတ်တော်အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်လည်းဖြစ်သည်။

NUGအသိအမှတ်ပြုရေးအဆိုကို ပြင်သစ်အထက်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပြီးဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပြင်သစ်အစိုးရက အမြန်ဆုံးအသိ အမှတ်ပြုရေး တောင်းဆိုဆန္ဒထုတ်ဖော်ပွဲကို ပါရီမြို့ရှိ အောက်လွှတ်တော်အနီး ဖေဖော်ဝါရီ ၁ရက်တွင် ပြုလုပ်မည် ဖြစ်သည်။

ပြင်သစ်အစိုးရက(NUG)ကို အသိအမှတ်ပြုရေးအဆိုအား ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလဆန်းကတည်းက အထက်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပြီး အောက်လွှတ်တော်က ဆက်လက်အတည်ပြုရန် လိုအပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင်အာဏာသိမ်းကာ ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်မှု(၁)နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ရက်တွင် ပြင်သစ်နိုင်ငံရောက် မြန်မာအင်အားစုများက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ကိုယ်စားလှယ်များနှင့်အတူ ဖွဲ့စည်းထားသော NUGအစိုးရကသာ ပြည်သူ့အစိုးရ ဖြစ်ကြောင်း ပြင်သစ်အောက်လွှတ်တော်အမတ်များမှတဆင့် ကျန်နိုင်ငံတကာ အင်အားစုများ သိစေရန် အောက်လွှတ်တော်အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်လည်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။