Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်ရေးရဲဘော်များ၏ ကျေးဇူးကိုအောက်မေ့ပြီး စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက်ကြရန် သံဃသမဂ္ဂ(မန္တလေး) မိန့်ကြား

စစ်အာဏာသိမ်း(၁)နှစ်ပြည့်အဖြစ် အမှန်တရားအတွက်ရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်နေသောပြည်သူများအား သံဃသမဂ္ဂ(မန္တလေး)က ပန်ကြားချက်တစ်စောင် ယနေ့ (ဖေဖော်ဝါရီ ၁)တွင် ထုတ်ပြန်သည်။

တော်လှန်ရေးရဲဘော်များ၏ ကျေးဇူးကိုအစဉ်အောက်မေ့ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်သို့ အသိသတိမြဲစွာဖြင့် ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက်ကြရန် သံဃသမဂ္ဂ (မန္တလေး)က ထုတ်ပြန်သည်။

စစ်အာဏာသိမ်း(၁)နှစ်ပြည့်အဖြစ် အမှန်တရားအတွက်ရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်နေသောပြည်သူများအား သံဃသမဂ္ဂ(မန္တလေး)က ပန်ကြားချက်တစ်စောင် ယနေ့ (ဖေဖော်ဝါရီ ၁)တွင် ထုတ်ပြန်သည်။

ယနေ့ကာလသည် မြန်မာပြည်အနှံ့အပြားရှိ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူအများက အာဏာရူး လက်တဆုပ်စာကို တော်လှန်ဖြိုခွင်းနေသော မြန်မာ့နွေဦးတော်လှန်ရေး(၁)နှစ်ပြည့် အချိန်ကာလဖြစ်ကြောင်း၊ မိမိတို့ သံဃသမဂ္ဂသံဃာတော်များမှလည်း ဒကာ၊ဒကာမ ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင် တွန်းလှန်ရာတွင် လက်တွဲပါဝင်လျက်ရှိကြောင်း၊ ကိုယ်ကျိုးရှာ အာဏာရူးလူတစ်စုသည် ပြည်သူတို့၏ ဆန္ဒမဲ ရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာကို လုယူ သိမ်းပိုက်ခဲ့ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွက် ဖော်ပြသည်။

အာဏာရူးများ၏ အဆင်ခြင်မဲ့ ယုတ်မာသည့်လုပ်ရပ်အပေါ် နာရီမခြား ပြည်သူများက ဆန့်ကျင်ခဲ့သည်ကို အွန်လိုင်းမှတ်တမ်းများတွင် ထင်ရှားစွာတွေ့မြင်နိုင်ကြောင်း၊ ဖေဖော်ဝါရီ ၂ ရက် ည၈နာရီတွင် မြန်မာတစ်နိုင်ငံလုံး သံပုံးတီးကာ အာဏာရူးလက်တဆုပ်စာကို အလိုမရှိကြောင်း စတင်ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း၊ ပြည်သူများ၏ သံပုံးတီးဆန္ဒထုတ်ဖော်မှု သတင်းသည် တမုဟုတ်ချင်း ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားကာ အွန်လိုင်းရုပ်သံဖိုင်များမှ ကြားရသူ ကြည့်ရသူအပေါင်း ကြက်သီးမွှေးညှင်း ထသည်အထိ ပြည်သူ့ခွန်အားကို ခံစားမိစေကြောင်း သံဃသမဂ္ဂ(မန္တလေး)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ရက်ပိုင်းအတွင်းမှာပင် ပြည်သူများသည် လမ်းမပေါ်များဆီသို့ စုဝေးကာ အာဏာရူးတို့အား အလိုမရှိကြောင်း ငြိမ်းချမ်းစွာချီတက်ဆန္ဒပြကြသည်။ တောရော မြို့ပါ လမ်းမများပေါ်တွင် ပြည်သူတို့၏ ကြွေးကြော်သံများဖြင့် ဖုံးလွှမ်းသွားသည်။ ညစဉ် ၈နာရီ သံပုံးတီး ဆန္ဒထုတ်ဖော်မှုကလည်း ကမ္ဘာ့သမိုင်းတွင် ထူးခြားမှုအဖြစ်မှတ်တမ်းတင် လိုက်ရကြောင်း ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် အမှန်တရားကိုတန်ဖိုးထားသည့် မန္တလေး လေးပြင်လေးရပ်မှ သံဃာတော်များဦးဆောင်ကာ သံဃသမဂ္ဂအဖွဲ့ ကိုဖွဲ့စည်းခဲ့ပြီး ပြည်သူလူထုနှင့် လက်တွဲကာစစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း

အာဏာရူးလက်တဆုပ်စာသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ပြည်သူများကို ကျည်အစစ်များ မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ အကြမ်းဖက်ခဲ့ကြပြီး ပြည်သူတို့၏သွေး မြေခခဲ့ရကာတနိုင်ငံလုံး မျက်ရည်ကျခဲ့ကြကြောင်း၊ သို့သော် ပြည်သူများကား နောက်မဆုတ်ခဲ့ဘဲ တိုး၍သာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သံဃသမဂ္ဂ(မန္တလေး)က မိန့်ကြားသည်။

စစ်အာဏာရူးလူတစ်စု၏ ရက်စက်စွာအကြမ်းဖက်ဖမ်းဆီး ပစ်ခတ်ဖြိုခွင်းမှုများကြောင့် နိုင်ငံအနှံ့အပြားအပြစ်မဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၁၃၀၀၀ ကျော်ဖမ်းဆီးခံထားရပြီး ၁၅၀၀ ကျော်သေဆုံးခဲ့ရကြောင်း၊ဖမ်းဆီးခံ ၁၃၀၀၀ ကျော်ထဲတွင် မိမိတို့ သံသမဂ္ဂ(မန္တလေး) မှ သံဃာတော်(၁၁)ပါးလည်း အကြမ်းဖက်ဖမ်းဆီးခံခဲ့ရကြောင်း သံဃသမဂ္ဂ(မန္တလေး)က အသိပေးသည်။

အာဏာမလုခင်ကတည်းက အစိုးရယန္တရားတွင် အမှုထမ်းနေကြသော ဝန်ထမ်းများသည်လည်း ပြည်သူများနှင့် လက်တွဲကာ CDM နည်းလမ်းဖြင့် တက်ကြွစွာ အာဏာရူးတို့ကို ဖီဆန်တွန်းလှန်ခဲ့ကြကြောင်း၊ CDM သည်ကား အခြားမဟုတ်၊ မင်္ဂလသုတ်တွင်ပါဝင်သော “အသေဝနာစ ဗာလာနံ” ဆိုသော မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာခြင်းပင် ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် ပြည်သူများနှင့်လက်တွဲ၍ လူမိုက်လက်တဆုပ်စာကို ရှောင်ကြဉ်ခဲ့ကြပြီးရလဒ်ကား ယနေ့တိုင် အာဏာရူးလက်တဆုပ်စာ၏ ဩဇာသည် ပြည်သူများအကြား လုံးဝ မတည်ဆောက်နိုင်ခဲ့ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများကို ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေသည့် အာဏာရူးလက်တဆုပ်စာကို ကမ္ဘာအနှံ့ရှိ မည်သည့်အစိုးရကမျှ ‌အသိအမှတ်ပြု ထောက်ခံမှု မရှိခဲ့ဘဲ ၂၀၂၁ ဖေဖော်ဝါရီလ ၃ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အာဏာရူး လက်တဆုပ်စာအပေါ် ရှုတ်ချကြောင်းအဆိုကို အိမ်နီးချင်း အင်အားကြီး အစိုးရ တစ်ခုက ပိတ်ဆို့တားဆီးခဲ့ခြင်းသည် လူကြီးလူကောင်း မဆန်သော လုပ်ရပ်ဖြစ်ကြောင်း၊ အာဏာရူးလက်တဆုပ်စာ၏ မြို့ရွာ အနှံ့ နှိပ်စက် ညှင်းပန်း သတ်ဖြတ်မှုကို သည်းမခံနိုင်သော ဂျန်ဇီးဟု အမည်တွင်သော ခေတ်ပညာတတ် လူငယ်များကလည်း တောင်ပေါ်ဒေသရှိ တိုင်းရင်းသား ညီအစ်ကိုများနှင့် လက်တွဲကာ အာဏာရူး လက်တဆုပ်စာကို တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း သံဃသမဂ္ဂ(မန္တလေး)က မိန့်သည်။

လူငယ်များသည် တောင်ပေါ် တိုင်းရင်းသား ဒေသသို့ သွားရောက်ကာ စစ်ပညာသင်ယူကြပြီး အချို့က ရရာလက်နက်များ ကိုင်စွဲကာ အာဏာရူးလက်တဆုပ်ကို ခုခံကြကြောင်း၊ ခုခံစစ်ကို ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများက အားပေးထောက်ခံ ဝန်းရံကြကြောင်း၊ ရည်မှန်းချက် မပေါက်မြောက်သော အာဏာရူးလက်တဆုပ်စာသည် ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူငင်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း သာမက ကလေးသူငယ် သက်ကြီးရွယ်အို ပြည်သူများကို သတ်ဖြတ်ကြသည် အရှင်လတ်လတ် မီးရှို့သည်အထိ လူစိတ်ကင်းမဲ့စွာ ကျူးလွန်လာကြကြောင်း၊ ရွာထဲ ခွေးရူးဝင်သော အဖြစ် ဆိုက်နေပြီး ပြည်သူထောက်ခံမှု မရှိသော စစ်ရေးသည် စွမ်းနိုင်မည်မဟုတ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းတို့အတွက် မြန်မာပြည်အနှံ့ရှိ တိုင်းရင်းသား ညီအစ်ကိုများ ရုန်းကန်ခဲ့သည်မှာ သမိုင်းအဆက်ဆက် ရှိခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းသော၊ စဉ်ဆက်မပြတ်ရှင်သန် ဖွံ့ဖြိုးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်ကား မဝေးတော့ကြောင်း၊ အများအကျိုးအတွက် မှန်ကန် သောရပ်တည်ချက်ဖြင့် ကိုယ်ကျိုးစွန့်ခဲ့ကြသော တော်လှန်ရေးရဲဘော်များ၏ ကျေးဇူးကို အစဉ်အောက်မေ့ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်သို့ အသိသတိမြဲစွာဖြင့် ပြည်သူလူထုတရပ်လုံး စည်းလုံး ညီညွတ်စွာဖြင့် ဆက်လက်ချီတက်ကြရန် လို့တိုက်တွန်းလိုက်ရကြောင်း သံဃသမဂ္ဂ (မန္တလေး)က အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။