Connect with us

Hi, what are you looking for?

News

ကောလင်းမြို့ရှိ Non CDM ဝန်ထမ်းများ ဖေဖေါ်ဝါရီ ၁၀ရက်နောက်ဆုံးထား နှုတ်ထွက်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

ကောလင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေဆဲ စစ်ကောင်စီဝန်ထမ်းများနှင့်ပတ်သက်၍ သတိပေးချက်ကို ကောလင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁ရက်) တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

PDFများက ယနေ့တွင် လုံခြုံရေးယူပြီး မြို့အတွင်းစစ်ဆေးမှုပြုလုပ်

ဒေသခံမဟုတ်သည့် Non CDMဝန်ထမ်းများ ဖေဖေါ်ဝါရီ ၁၀ရက်မတိုင်မီ ကောလင်းမြို့နယ်မှ ရရာနည်းလမ်းဖြင့် ထွက်ခွာသွားရန်နှင့် ဒေသခံဝန်ထမ်းများလည်း ဖေဖေါ်ဝါရီ ၁၀ရက် နောက်ဆုံးထား၍ CDM ပြုလုပ်ရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသန္တရအမိန့်ထုတ်ပြန်သည်။

ကောလင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေဆဲ စစ်ကောင်စီဝန်ထမ်းများနှင့်ပတ်သက်၍ သတိပေးချက်ကို ကောလင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁ရက်) တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ကောလင်းမြို့နယ်ဒေသခံမဟုတ်သည့် အရာထမ်းအမှုထမ်းများ မိမိတို့ရုံးဌာန၊ နေအိမ်များမှ ၂၀၂၂ ဖေဖေါ်ဝါရီ ၁၀ ရက် မတိုင်မီရရာနည်းလမ်းဖြင့် အပြီးတိုင်စွန့်လွှတ်ထွက်ခွာသွားရန်၊ဒေသခံ အရာထမ်းအမှုထမ်းများ ဖေဖေါ်ဝါရီ၁၀ ရက် နောက်ဆုံး ထား၍CDM ပြုလုပ်ရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

“လိုက်နာခြင်းမရှိပါက မိမိတို့ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးမှ သင်တို့ကိုယ်တိုင်သာမက သင်တို့၏ ပိုင်ဆိုင်မှုနှင့် မိသားစုများ၏ လုံခြုံရေးကို အာမခံချက်မပေးနိုင်တော့ကြောင်း ရှင်းလင်းစွာဖြင့် အသိပေးလိုက်သည်”ဟု လည်းဖော်ပြထားသည်။

Non CDM ဝန်ထမ်းများကိုလည်း ပြည်သူ့လစာစားသောက်၍ ပြည်သူကိုကိုယ်စားမပြုပဲ ပြည်သူများအား တိုက်ခိုက်ရန်မူ တရားဥပဒေမဲ့ လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည်သာမက မိမိတို့တတ်သည့်ပညာဖြင့် ပြည်သူအားအလုပ်အကျွေးမပြုပဲ စစ်ကောင်စီယန္တရားတွင် ပါဝင်ဆောင်ရွက်နေသူများဟု မှတ်ချက်ပြုထားသည်။

” နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့ထံမှ ဆင်းသက်ပြီး နိုင်ငံတော်တဝန်းလုံးတွင် အာဏာသည် မိမိတို့ကောလင်းမြို့နယ် ပြည်သူ ပြည်သားများမှ လက်ခံယုံကြည် ကျင့်သုံးလျက်ရှိပါသည်။ မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရူးတစ်သိုက်သည် မြန်မာနိုင်ငံအား စစ်အာဏာရှင် အကျင့်ဆိုးဖြင့် မိမိတို့ ပြည်သူပြည်သားများ၏ ဆန္ဒမပါဘဲ မျက်နှာပြောင်တိုက်ကာ အတင်းအဓမ္မ အုပ်ချုပ်နိုင်ရေးနှင့် မိမိတို့ ကောလင်းနယ်သူနယ်သားများအား ကျွန်ပြုအုပ်ချုပ်ရန် ကြိုးစားနေသည်ကို မိမိတို့အနေဖြင့် လက်မခံဘဲ ရရနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ခိုက် ခုခံသွားမည်ကို မိမိတို့လုပ်ရပ်များက သက်သေခံနေခြင်း သာမက ဆက်လက်ပြီးပိုမိုထိရောက်စွာ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်း အတည်ပြု သိစေလိုပါသည်” ဟု ကောလင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူအား အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုဖြင့် မြိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယင်းကဲ့သို့ ကြေငြာပြီးနောက် Non CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကောလင်းသည် ဒုတိယမြောက် သတိပေးချက်ထုတ်ပြန်သည့် မြို့ဖြစ်လာသည်။

ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အထက်ပါသတိပေးချက်ထုတ်ပြန်သလိုကောလင်းပြည်သူကာကွယ်ရေးတပ်(ပကဖ)ကလည်း မြို့ပေါ်နေရာအချို့တွင် ရှောင်တခင်စစ်ဆေးမှုများ ယနေ့ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်း၊ကျောက်တန်းရွာအနီးမှာ ဒီနေ့(ဖေဖော်ဝါရီ၆ရက်) မနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်မှာ ရွေးကောက်ပွဲ ကို ဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံဝန်ထမ်းတွေက ပြောပါတယ်။