ဖေဖော်ဝါရီ-၆၊၂၀၂၆၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်း၊ကျောက်တန်းရွာအနီးမှာ ဒီနေ့(ဖေဖော်ဝါရီ၆ရက်) မနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၆ရက် ဒီနေ့မနက် ၄ နာရီလောက်ကစကာ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံ တွေဆူညံနေပြီး စစ်တပ်ကလည်း ဒရုန်းနဲ့ ဗုံးကြဲတာ တွေလုပ်နေတယ်လို့ သိရပါတယ်။
ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အခြေ အနေကို မသိရသေးပါဘူး။

Public Service Announcement
သစ်ဖုလတောင်ကို စစ်တပ်က အထိုင်ချဖို့ကြိုးစားနေပြီး သစ်ဖုလတောင်နဲ့ ကျောက်တန်းရွာကို တပ်စွဲနေတာမို့ တော်လှန်ရေးတပ် တွေက ဝိုင်းထားပြီး မကြာခဏ တိုက်ပွဲတွေဖြစ် နေတာလို့ သိရပါတယ်။
အဲတာကြောင့် ဖေဖော်ဝါရီ ၃ရက် ည၁နာရီ ကျော်မှာ သစ်ဖုလတောင်နဲ့ ကျောက်တန်းရွာပတ်လည်က တော်လှန်ရေးတပ် တွေရှိနိုင်မယ့်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။
“အဖွဲ့တွေက ကာထားပြီး ဝိုင်းတိုက်သလိုဖြစ် နေတော့ သစ်ဖုလကို စကစက သေချာထိုင်လို့မရဘူးဖြစ်နေတာ။အဲတာကြောင့်မို့ကိုယ့်အဖွဲ့တွေ ရှိနိူင်မယ့် နေရာ တွေကိုကြဲတာ။အထိခိုက်မရှိပါဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အခုတပ်စွဲထားတဲ့ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၆ ရက်က ဝန်းသိုမြို့နယ်၊ညောင်ပင်သာကနေ ကောလင်းမြို့နယ် အရှေ့ခြမ်းက ချဉ်ပစ်ခုံရွာဘက်ကို ပစ်ခတ်ဝင်ရောက်ခဲ့တဲ့ အင်အား၂၀၀ပါ စစ် ကြောင်းဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ဇန်နဝါရီ အတွင်းမှာ တော်လှန်ရေး ရဲဘော် ၇ဦး ကျဆုံးထားပြီး လေကြောင်းတိုက်ခံရမှုကြောင့်လည်း ၉ဦး ကျဆုံးထားပါတယ်။


















































