Connect with us

Hi, what are you looking for?

News

ဒုဗိုလ်မှူးကြီးနေအိမ်ပစ်မှတ်အပါအဝင် ၁၁ရက်အတွင်း ​ပျံလွှားအောင်စစ်ဆင်​ရေး ၄၆ခုပြုလုပ်ခဲ့ဟု ရန်ကုန်တိုင်းစစ်​ဒေသခွဲကွပ်ကဲ​ရေးအဖွဲ့ထုတ်ပြန်

ထိုတိုက်ခိုက်မှုများသည် ပျံလွှား​အောင်စစ်ဆင်​ရေးအ​နေဖြင့် ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်မှ ဖေ​ဖော်ဝါရီ ၁ရက် ၁၁ရက်အတွင်း ​စစ်ဆင်​ရေး ၄၆ခု ရှိသည်ဟု ဆိုသည်။

(ယနေ့ နံနက်ပိုင်းက မဂ်လာဒုံမြို့နယ်တွင် ဗုံးဟု ယူဆရသော အထုပ်ကို တွေ့ရစဥ်)

အကြမ်းဖက်စစ်တပ် ​​ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ဆိုသူများ၏ ​နေအိမ်ပစ်မှတ်များ အပါအဝင် စစ်​ကောင်စီတပ်စခန်းများ၊ တပ်စွဲလှုပ်ရှားသွား လာရာ​နေရာများ၊ ရဲကင်းများနှင့် အကြမ်းဖက်စစ်တပ်​ထောက်တိုင်​နေရာများကို အဓိကထား တိုက်ခိုက်မှုများ​ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန် တိုင်းစစ်​ဒေသခွဲကွပ်ကဲ​ရေးအဖွဲ့ ယနေ့(ဖေဖော်ဝါရီ ၁ရက်)တွင် ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုများသည် ပျံလွှား​အောင်စစ်ဆင်​ရေးအ​နေဖြင့် ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်မှ ဖေ​ဖော်ဝါရီ ၁ရက် ၁၁ရက်အတွင်း ​စစ်ဆင်​ရေး ၄၆ခု ရှိသည်ဟု ဆိုသည်။

သန်လျင်

အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကညနရုံးကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉နာရီတွင် သန်လျင်ဗိုလ်နဂါးအဖွဲ့၊သုံးခွ TYF အဖွဲ့ဝင်များပူးပေါင်းကာ ရှေ့ထွက်မိုင်း၊ပဒေသာမိုင်းများအသုံးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

လှိုင်

လှိုင်မြို့နယ် မာလာမြိုင် (၃)လမ်းရှိ အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ရာတွင် ဦးဆောင်သူ ရန်ကုန်အခြေစိုက် အင်တိုင်တပ်ရင်းမှ ဒုရင်းမှူးအဆင့်ရှိသူ ဇေယျာမြင့်သိန်း၏နေအိမ်ကို ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁နာရီက တိုက်ခိုက်ခဲ့ပြီး နေအိမ်နှင့် ကားပျက်စီးခဲ့သည်။

အင်းစိန်

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေးစခန်းများတွင် အပြစ်မဲ့ပြည်သူများကိုရက်စက်စွာညှင်းပန်းနှိပ်စက်သည့် မဂ်လာဒံလေတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ ကျော်ကျော်ထွန်းဆိုသူကို ဇန်နဝါရီ ၂၂ ရက် နေ့လည် ၂ နာရီခန့်က သီရိမင်္ဂလာလမ်းပေါ်၌ ပစ်ခတ်ရှင်းလင်းခဲ့သည်။

သာကေတ

Fortune Plaza အနီးကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီစစ်ကားကို ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးပွဲချင်းပြီးသေကာ သုံးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ခရမ်း

အကြမ်းဖက်စစ်ကောင်စီတပ်များတပ်စွဲထားသည့် သစ်တောဂိတ်ကို ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီ ခန့်က ၄၀(မမ) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ရန်ကင်း

ရန်ကင်းမြို့နယ် ပါရမီမဥ္ဇူလမ်းရှိ အကြမ်းဖက်စစ်တပ်၏ လေတပ်မှဒုတိယဗိုလ်မှူးကြီး ထက်နောင်တင့်၏နေအိမ်ကို ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခွဲခန့်က ၄၀(မမ)ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းထိခိုက်ပျက်စီးခဲ့ပြီး မီးခိုးများစွာ ထွက်လာပြီး ၎င်းအိမ်သားများကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးခဲ့သည်။

နိုင်ငံ့အာဏာကို လက်နက်အားကိုး၍ အကြမ်း ဖက်စစ်တပ်ကလုယူခဲ့သည့် တစ်နှစ်ပြည့်သည့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)တွင်လည်း စမ်းချောင်း၊ဒဂုံတောင်ပိုင်း၊တာမွေ၊တိုက်ကြီး၊ မှော်ဘီ၊ရွှေပြည်သာ၊သာကေတ၊ ဒလ ၊အင်းစိန်၊လှည်းကူး နှင့် လှိုင်သာယာတို့တွင်လည်း ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ပျံလွှာအောင် စစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံးလေးဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။