Connect with us

Hi, what are you looking for?

News

ရန်ကုန်မှာ ၂၅ နှစ်ကြာပြီဖြစ်တဲ့ Savoy ဟိုတယ်အပြီး ပိတ်တော့မယ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ထွက်ခွာသွားကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ၂၅ နှစ်ကျော် ဖွင့်လှစ်ခဲ့ပြီး လူသိများတဲ့ Savoy ဟိုတယ် ဟာ အပြီးပိတ်သိမ်းလိုက်ပြီလို့ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ပြည့်ချိန်မှာ ကြေညာလိုက်ပါတယ်။

Savoy ဟိုတယ်ဟာ အင်းလျားလမ်းနဲ့ ဓမ္မစေတီလမ်းထောင့်မှာတည်ရှိတာပါ။

ဟိုတယ်ကိုအပြီးပိတ်တော့မှာဖြစ်တဲ့အတွက် လာရောက်တည်းခိုခဲ့တဲ့ဧည့်သည်တွေ ၊ အားပေးခဲ့တဲ့ဧည့်သည်တွေအားလုံးကိုကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်မှာ အားလုံးအဆင်ပြေ အကောင်းဆုံးဖြစ်ပါစေကြောင်း ဟိုတယ်ဘက်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ထွက်ခွာသွားကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ထွက်ခွာရာမှာ ကဏ္ဍစုံက ဖြစ်ပြီး ဆက်သွယ်ရေးကုမ္ပဏီတွေ ၊ စွမ်းအင်ကုမ္ပဏီတွေ ၊ ဟိုတယ်လုပ်ငန်းတွေလည်းပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။