Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီပြည်နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်များ အုပ်ချုပ်စိုးမိုးထားမှုမှာ ၉၀ရာခိုင်နှုန်းအထိ မြင့်တက်လာဟု KSCC အသိပေး

အလားတူ ၂၀၂၁ ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၌ တပ်ရင်းပေါင်း ၁၈ ခုတွင် တပ်ဖွဲ့ဝင်အင်အား ၆,၂၇၇ ဦးရှိသည်။

ကရင်နီ(ကယား)ပြည်နယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းခန့်ရပ်တန့်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အုပ်ချုပ်စိုးမိုးနိုင်မှုမှာ ၉၀ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ (ဖေဖော်ဝါရီ ၁)တွင် ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ နိုင်ငံ့အာဏာလုယူခဲ့သော တစ်နှစ်ပြည့်ချိန်တွင် ကရင်နီပြည်နယ် အဝင်အထွက်လမ်းကြောင်းအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သည်ဟု အသိပေးသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီသည် လက်နက်နှင့် ရိက္ခာများကို ထောက်ပို့လေယာဥ်ဖြင့်သာ အသုံးပြု နေရကြောင်းလည်း KSCCက ဆိုသည်။

ကရင်နီပြည်နယ်တွင် ကျေးရွာပေါင်း ၇၀၀ ကျော်ရှိသည့်အနက် ရွာလုံးကျွတ် စစ်ဘေးရှောင်ရသည့် ကျေးရွာများမှ အပ ကျေးရွာပေါင်း ၄၀၀ ခန့်၌ စာသင်ကျောင်းနှင့် ဆေးပေးခန်းများကို ပြည်သူလူထုကိုယ်တိုင် ကိုယ်ထူ၊ကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အလားတူ ၂၀၂၁ ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၌ တပ်ရင်းပေါင်း ၁၈ ခုတွင် တပ်ဖွဲ့ဝင်အင်အား ၆,၂၇၇ ဦးရှိသည်။

စတင်ဖွဲ့စည်းခဲ့ချိန်မှ တိုက်ပွဲပေါင်း ၁၁၀ ဖော်ဆောင်ခဲ့ပြီး ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်မှ လက်နက် ခဲယမ်း၊မီးကျောက် သိမ်းဆည်းရမိခဲ့သည်။

လက်ရှိအချိန်ထိ KNDF မှ ရဲဘော် ၂၀ ဦး ထိခိုက်ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၄၀ ကျော်သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ပြည့်ချိန်တွင် KNDF သည် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး နှင့် အာဏာရှင် မှန်သမျှ အမြတ်ပြတ် တွန်းလှန်ချေမုန်းနိုင်ရေးကို နေ့စဥ် နှင့်အမျှ အသက်ပေး၍ ကြိုပမ်းတိုက်ပွဲဝင်နေ သည်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။

သတင်း

၁၀၂၇ စစ်ဆင်ရေး ဇန်နဝါရီ ၂၃ရက် စစ်ရေးသတင်းများကို အသိပေးထုတ်ပြန်ရာ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့သည်ဟု အသိပေးသည်။