Connect with us

Hi, what are you looking for?

News

ကရင်နီပြည်နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်များ အုပ်ချုပ်စိုးမိုးထားမှုမှာ ၉၀ရာခိုင်နှုန်းအထိ မြင့်တက်လာဟု KSCC အသိပေး

အလားတူ ၂၀၂၁ ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၌ တပ်ရင်းပေါင်း ၁၈ ခုတွင် တပ်ဖွဲ့ဝင်အင်အား ၆,၂၇၇ ဦးရှိသည်။

ကရင်နီ(ကယား)ပြည်နယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းခန့်ရပ်တန့်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အုပ်ချုပ်စိုးမိုးနိုင်မှုမှာ ၉၀ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ (ဖေဖော်ဝါရီ ၁)တွင် ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ နိုင်ငံ့အာဏာလုယူခဲ့သော တစ်နှစ်ပြည့်ချိန်တွင် ကရင်နီပြည်နယ် အဝင်အထွက်လမ်းကြောင်းအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သည်ဟု အသိပေးသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီသည် လက်နက်နှင့် ရိက္ခာများကို ထောက်ပို့လေယာဥ်ဖြင့်သာ အသုံးပြု နေရကြောင်းလည်း KSCCက ဆိုသည်။

ကရင်နီပြည်နယ်တွင် ကျေးရွာပေါင်း ၇၀၀ ကျော်ရှိသည့်အနက် ရွာလုံးကျွတ် စစ်ဘေးရှောင်ရသည့် ကျေးရွာများမှ အပ ကျေးရွာပေါင်း ၄၀၀ ခန့်၌ စာသင်ကျောင်းနှင့် ဆေးပေးခန်းများကို ပြည်သူလူထုကိုယ်တိုင် ကိုယ်ထူ၊ကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အလားတူ ၂၀၂၁ ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၌ တပ်ရင်းပေါင်း ၁၈ ခုတွင် တပ်ဖွဲ့ဝင်အင်အား ၆,၂၇၇ ဦးရှိသည်။

စတင်ဖွဲ့စည်းခဲ့ချိန်မှ တိုက်ပွဲပေါင်း ၁၁၀ ဖော်ဆောင်ခဲ့ပြီး ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်မှ လက်နက် ခဲယမ်း၊မီးကျောက် သိမ်းဆည်းရမိခဲ့သည်။

လက်ရှိအချိန်ထိ KNDF မှ ရဲဘော် ၂၀ ဦး ထိခိုက်ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၄၀ ကျော်သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ပြည့်ချိန်တွင် KNDF သည် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး နှင့် အာဏာရှင် မှန်သမျှ အမြတ်ပြတ် တွန်းလှန်ချေမုန်းနိုင်ရေးကို နေ့စဥ် နှင့်အမျှ အသက်ပေး၍ ကြိုပမ်းတိုက်ပွဲဝင်နေ သည်ဟုလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အစိုးရတစ်ရပ်နဲ့ကာကွယ်ရေးတပ်တစ်ခုတည်းဖြစ်ဖို့ ကရင်နီပြည်ရှိ CDM တွေက တောင်းဆို ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆ဟာ ကရင်နီပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေးအိပ်မက်ကို အမှန်တကယ်အစပြုဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ်ဖြစ်လာစေဖို့နဲ့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် အတူတကွလက်တွဲညီညွတ်စွာဆက်လက်ကြိုးပမ်းကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ပိုကောင်းတဲ့ စစ်ရေးအမြင်တွေနဲ့ စစ်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားခဲ့ပြီး စစ်ကောင်စီပြုတ်အောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးပါတယ်။

Facebook