Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ကို အာခံသော တိတ်ဆိတ်ခြင်းသပိတ်အကြောင်း ကမ္ဘာ့မီဒီယာကြီးများဖော်ပြ

တိတ်ဆိတ်ခြင်းသပိတ် ‘Silent Strike’ အဖြစ် နေအိမ်တွင်နေထိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ချခြင်းတို့ကို နံနက် ၁၀ မှ ညနေ ၄ နာရီအထိပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံမြို့ကြီးများနှင့် မြို့အသီးသီးရှိ လမ်းမများပေါ် လူသွားလူလာ ရှင်းလင်းနေခဲ့သည်။

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု (၁) နှစ်ပြည့်ချိန်တွင် ပြည်သူများက တိတ်ဆိတ်ခြင်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆင်နွှဲခဲ့ကြပြီး ယင်းသပိတ်အကြောင်းကို ကမ္ဘာ့မီဒီယာကြီးများက ဖော်ပြခဲ့ကြသည်။

တိတ်ဆိတ်ခြင်းသပိတ် ‘Silent Strike’ အဖြစ် နေအိမ်တွင်နေထိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ချခြင်းတို့ကို နံနက် ၁၀ မှ ညနေ ၄ နာရီအထိပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံမြို့ကြီးများနှင့် မြို့အသီးသီးရှိ လမ်းမများပေါ် လူသွားလူလာ ရှင်းလင်းနေခဲ့သည်။

နိုင်ငံအကြီးဆုံးမြို့ ရန်ကုန်နှင့် အခြားနေရာများတွင် ပုံမှန်အားဖြင့် လူထူရှုတ်ရှပ်ခတ်သော လမ်း မများပေါ်၌ ရှင်းလင်းနေသည်ကို လူမှုကွန်ရက်ဓာတ်ပုံများက ပြသနေသည်။

အဆိုပါ တိတ်ဆိတ်ခြင်းသပိတ်ကို စစ်အာဏာရှင်က ကြောက်ရွံ့ခဲ့ကာ နည်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပြုခဲ့သော်လည်း ပြည်သူများက စစ်အာဏာရှင်ကို အာခံလိုသောစိတ်ဓာတ်များဖြင့် ညီ ညွတ်ရဲဝံ့စွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိတ်ဆိတ်ခြင်းသပိတ်ပြီးဆုံးချိန် ညနေ ၄ နာရီအချိန်တွင် ပြည်သူများက အသံထွက်သပိတ် လက်ခုပ်တီးကာ အောင်မြင်စွာပိတ်သိမ်းခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီများ၏ ဖိနှိပ်မှုများ ကြားမှ ပြည်သူလူထုသည် ‘ပြည်တော်ဝင်ဖို့ ရုန်းကြစို့’ ၊ ‘အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွှဲ’ ၊ ‘လုံး၀အုပ်ချုပ်ခွင့်မရစေရ’ ၊ ‘ငါတို့မြို့ ငါတို့ပိုင်တယ်၊ ငါတို့ငြိမ်ချင် ငြိမ်မယ်၊ ငါတို့လှုပ်ချင်လှုပ်မယ်’ စသည့်ကြွေးကြော်သံများဖြင့် အသံတိတ်နှင့် အသံထွက်သပိတ်တို့ကို ကျင်းပခဲ့ကြခြင်း လည်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကို အမေရိကန်ကဲ့သို့ အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများကြောင့် အာဏာသိမ်းနှစ်ပတ်လည်အပေါ် နိုင်ငံတကာအာရုံစိုက်မှုဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အာဏာသိမ်းနှစ်ပတ်လည်မတိုင်ခင် တစ်ရက်တွင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ နိုင်ငံများကလည်း အာဏာရှင်များ နှင့် ၎င်းတို့၏ ထောက်ခံသူများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Facebook