ရွှေပြည်သာမြို့နယ်ရှိ ရဲတပ်ရင်း (၁) သင်တန်းကျောင်း ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁ ရက်) ည ၇နာရီခန့်က လှော်ကား တာဆုံအနီးရှိ ရဲတပ်ရင်း (၁) သင်တန်းကျောင်းအား ပစ်မှတ်ထားသော ဗုံးပေါက်ကွဲမှုမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“၄၀ (မမ)လို ဗုံးသီးသုံးတယ်ထင်တယ်။ ပစ်သံ အရင်ကြားရတယ်။ပြီးမှ ရှေ့ဆင့် ၊နောက်ဆင့် နှစ်ချက်ဆက်ကြားရတာ။ ပေါက်ကွဲသံတော့ တော်တော်ကျယ်တာ”ဟု လှော်ကား တာဆုံအနီး နေထိုင်သူတစ်ဦးက ပြောသည်။
သို့သော် ထိခိုက်မှု အခြေအနေကို မသိရှိရသေးသော်လည်း အကြမ်းဖက်စစ်တပ်ကူ ယာဥ်တန်း အများအပြားဖြင့် လာရောက် စစ်ဆေးမှုရှိနေသည်ဟုလည်း သိရသည်။

Public Service Announcement
နိုင်ငံ့အာဏာကို လက်နက်အားကိုး၍ အကြမ်းဖက်စစ်တပ်ကလုယူခဲ့သည်မှာ တစ်နှစ်ပြည့်သည့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)တွင် စမ်းချောင်း၊ဒဂုံမြောက်၊ဒဂုံတောင်၊တာမွေ၊တိုက်ကြီး၊ မှော်ဘီ၊သာကေတ၊ ဒလ ၊အင်းစိန်၊လှည်းကူး နှင့် လှိုင်သာယာတို့တွင်လည်း ဖောက်ခွဲတိုက်ခိုက်မှုများ ရှိခဲ့သည်။


















































