Connect with us

Hi, what are you looking for?

News

NUGကို အားပေးထောက်ခံမှုအစီအစဉ်များပါဝင်သည့် ဆုံးဖြတ်ချက်ကို ပြင်သစ်လွှတ်တော်နှစ်ရပ်က မကြာမီအတည်ပြုတော့မည်

ပြင်သစ်နိုင်ငံ ပါရီမြို့သို့ရောက်ရှိနေသော ဝန်ကြီးဦးအောင်မျိုးမင်းသည် ပြင်သစ်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီးနောက် မြန်မာ့အရေးကို ဆက်လက်လုပ် ဆောင်နိုင်ရန် တင်ပြနိုင်ခဲ့ကြောင်း ယနေ့(ဖေဖော်ဝါရီ ၂ ရက်)တွင် အသိပေးထုတ်ပြန်သည်။

မြန်မာနိုင်ငံကို အားပေးထောက်ခံမှု အစီအစဉ်များပါဝင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ပြင်သစ်အောက်လွှတ် တော်နှင့် အထက်လွှတ်တော် လွှတ်တော်နှစ်ရပ်က မကြာခင်အတည်ပြုပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့သို့ရောက်ရှိနေသော ဝန်ကြီးဦးအောင်မျိုးမင်းသည် ပြင်သစ်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီးနောက် မြန်မာ့အရေးကို ဆက်လက်လုပ် ဆောင်နိုင်ရန် တင်ပြနိုင်ခဲ့ကြောင်း ယနေ့(ဖေဖော်ဝါရီ ၂ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံရောက်မြန်မာအင်အားစုများကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပြင်သစ်အစိုးရက အမြန်ဆုံးအသိအမှတ်ပြုရေး တောင်းဆိုဆန္ဒထုတ်ဖော်ပွဲကို ပါရီမြို့ရှိ အောက်လွှတ်တော်အနီး ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပခဲ့သည်။

ပြင်သစ်အစိုးရက NUGကို အသိအမှတ်ပြုရေးအဆိုအား ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလဆန်း ကတည်းက အထက်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ပြီး အောက်လွှတ်တော်က ဆက်လက်အတည်ပြုရန် လိုအပ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။