Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာရှိ ​လေတပ်မှ ဗိုလ်မှူးကြီး​အောင်မျိုး​ကျော်၏ ​နေအိမ် ပေါက်ကွဲမှုဖြစ်

ပေါက်ကွဲမှုဖြစ်စဥ်မှာ မြောက်ဥက္ကလာပမြို့နယ် (ဂ) ရပ်ကွက် ၊ ဥက္ကာ (၅)လမ်း၌ ယနေ့ နံနက် ၅နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေတပ်မှဗိုလ်မှူးကြီးအောင်မျိုးကျော်(လေ ၂၀၈၄) ခေတ္တ ဒုတိယလေတပ်စခန်းဌာနမှူး၏ နေအိမ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်မှာ မြောက်ဥက္ကလာပမြို့နယ် (ဂ) ရပ်ကွက် ၊ ဥက္ကာ (၅)လမ်း၌ ယနေ့ နံနက် ၅နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အိမ်ထဲကနေ ပေါက်တာ အသံအကျယ်ကြီးပဲ။လူထိခိုက်တာ ရှိ၊မရှိတော့ဘမသိသေးဘူး။စစ်တပ်က လမ်းပိတ်ထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများအပြင် ၎င်းတို့မိသားစုဝင်များမှာ စစ်အာဏာရှင်၏ လက်ကိုင်တုတ်များအဖြစ်မှတ်ယူပြီး တိုက်ခိုက်တော့မည်ဟု တော်လှန်ရေးအင်အားစုများက ကြေညာခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း လေတပ်မှအရာရှိသုံးဦး၏ နေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခန့်က ရန်ကင်းမြို့နယ် ပါရမီမဥ္ဇူလမ်းရှိ အကြမ်းဖက်စစ်တပ်၏ လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ထက်နောင်တင့်၏နေအိမ်ကို ၄၀(မမ) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်အတွင်းထိခိုက်ပျက်စီးခဲ့ပြီး မီးခိုးများစွာ ထွက်လာပြီး​နောက် ၎င်းအိမ်သားများကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးခဲ့ရသည်။

ထို့အတူ ဒလမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင် စီ၏ လေတပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ရန်နိုင်ဝင်း၏ နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက်က ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။