Connect with us

Hi, what are you looking for?

News

ဆောမြို့ရှိ စခန်းမှူးနေထိုင်ရာနေရာ အပါအဝင် စစ်ကောင်စီထောက်တိုင်ပစ်မှတ် ၁၀နေရာကို PDFနှင့် YDF တိုက်ခိုက်မီးရှို့

ဆောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်ကိုင်တုတ် ဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီ ၅ရက် နောက်ဆုံးထားပြီး ဝန်ခံချက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

မကွေးတိုင်း ဆောမြို့ရှိ စခန်းမှူးနေထိုင်ရာ အိမ်၊ ကြံ့ခိုင်ရေးရုံးနှင့်ဌာနဆိုင်ရာရုံးများ အပါအဝင် နေရာ ၁၀နေရာကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ယောဒေသကာကွယ်ရေးတပ်(YDF) ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အဦများကို မီးရှို့လိုက်သည်။

“အကြမ်းဖက်စစ်တပ်လက်အောက်ခံရုံး ခြောက်ရုံး အကုန်နီးပါး ပြာပျသွားတယ်။ပြီးတော့ ကြံ့ဖွတ်အမတ်ဟောင်း ဦးဌေးမောင်ပိုင်တဲ့ စားသောက်ဆိုင်တစ်ခုလည်း မီးလောင်းတဲ့အထဲပါသွားတယ်”ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“ရဲစခန်း စခန်းမှူးနေတဲ့နေရာ စခန်းမှူးနေတဲ့အိမ် ဝင်ပစ်တယ်ကြားတယ်။ အသေအပျောက်တွေတော့ မကြားရ သေးဘူး။ ပြီးတော့ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ရုံးတွေပေါ့။ စစ်ကောင်စီလက်ကိုင်တုတ်တွေ အဲဒီရုံးမှာ ၂ယောက်သုံးယောက် ကျန်နေကြတာပေါ့။ အားလုံးပေါင်း ၁၀နေရာ လောင်တယ်ပြောတယ်။ မနက် ၄နာရီက ရှို့တာ။ဒါကတော့ စစ်ကောင်စီ လက်ကိုင်တုတ်တွေကို နောက်ထပ်မလုပ်ရဲအောင်မီးရှို့တာပေါ့။ လက်ကိုင်တုတ် တွေကို နောက်ဆုံး ပြည်သူနဲ့ ပူးပေါင်းဖို့ စာတင်ထားတယ်။ မပူးပေါင်းမယ့်လူတွေမှန်းသိလို့ အဲဒီ ရုံးတွေ မလည်ပတ်နိုင်အောင်လို့ လုပ်တာပဲ ဖြစ်မယ်”ဟု ဆောဒေသခံတစ်ဦးကလည်းပြောသည်။

ယနေ့မနက် ၁၀နာရီခန့်ထိ မီးလောင်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က ကြောက်လန့်တကြား သေနတ်ပစ်ဖောက်နေကြောင်းလည်းGangaw Youths Voice က​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်ကိုင်တုတ် ဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီ ၅ရက် နောက်ဆုံးထားပြီး ဝန်ခံချက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

မီးရှို့လိုက်သည့် ရုံးများထဲတွင် စစ်ကောင်စီ ထောက်တိုင် ပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး လည်း ပါဝင်သည်ဟုဆိုသည်။

“ကြံ့ခိုင်ရေးရုံးနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ကြံ့ခိုင်ရေး ဦးဌေးမောင်ရဲ့ စားသောက်ဆိုင် အဲဒါတွေ မီးရှို့တာပေါ့။” ဟု ဒေသခံက ပြောသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဇန်နဝါရီ ၃၀ရက် ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၅ရက် နောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီမှ ခိုင်းစေမှုများကို ပြုလုပ်သည့် မည်သည့် အကြမ်းဖက် စစ်ကောင်စီ ဝန်ထမ်းကို မဆို နိုင်ငံတော် ပုန်ကန် သစ္စာဖောက်မှု ကြံရာပါ များ အဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ