Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆောမြို့ရှိ စခန်းမှူးနေထိုင်ရာနေရာ အပါအဝင် စစ်ကောင်စီထောက်တိုင်ပစ်မှတ် ၁၀နေရာကို PDFနှင့် YDF တိုက်ခိုက်မီးရှို့

ဆောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်ကိုင်တုတ် ဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီ ၅ရက် နောက်ဆုံးထားပြီး ဝန်ခံချက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

မကွေးတိုင်း ဆောမြို့ရှိ စခန်းမှူးနေထိုင်ရာ အိမ်၊ ကြံ့ခိုင်ရေးရုံးနှင့်ဌာနဆိုင်ရာရုံးများ အပါအဝင် နေရာ ၁၀နေရာကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ယောဒေသကာကွယ်ရေးတပ်(YDF) ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အဦများကို မီးရှို့လိုက်သည်။

“အကြမ်းဖက်စစ်တပ်လက်အောက်ခံရုံး ခြောက်ရုံး အကုန်နီးပါး ပြာပျသွားတယ်။ပြီးတော့ ကြံ့ဖွတ်အမတ်ဟောင်း ဦးဌေးမောင်ပိုင်တဲ့ စားသောက်ဆိုင်တစ်ခုလည်း မီးလောင်းတဲ့အထဲပါသွားတယ်”ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“ရဲစခန်း စခန်းမှူးနေတဲ့နေရာ စခန်းမှူးနေတဲ့အိမ် ဝင်ပစ်တယ်ကြားတယ်။ အသေအပျောက်တွေတော့ မကြားရ သေးဘူး။ ပြီးတော့ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ရုံးတွေပေါ့။ စစ်ကောင်စီလက်ကိုင်တုတ်တွေ အဲဒီရုံးမှာ ၂ယောက်သုံးယောက် ကျန်နေကြတာပေါ့။ အားလုံးပေါင်း ၁၀နေရာ လောင်တယ်ပြောတယ်။ မနက် ၄နာရီက ရှို့တာ။ဒါကတော့ စစ်ကောင်စီ လက်ကိုင်တုတ်တွေကို နောက်ထပ်မလုပ်ရဲအောင်မီးရှို့တာပေါ့။ လက်ကိုင်တုတ် တွေကို နောက်ဆုံး ပြည်သူနဲ့ ပူးပေါင်းဖို့ စာတင်ထားတယ်။ မပူးပေါင်းမယ့်လူတွေမှန်းသိလို့ အဲဒီ ရုံးတွေ မလည်ပတ်နိုင်အောင်လို့ လုပ်တာပဲ ဖြစ်မယ်”ဟု ဆောဒေသခံတစ်ဦးကလည်းပြောသည်။

ယနေ့မနက် ၁၀နာရီခန့်ထိ မီးလောင်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က ကြောက်လန့်တကြား သေနတ်ပစ်ဖောက်နေကြောင်းလည်းGangaw Youths Voice က​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်ကိုင်တုတ် ဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီ ၅ရက် နောက်ဆုံးထားပြီး ဝန်ခံချက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

မီးရှို့လိုက်သည့် ရုံးများထဲတွင် စစ်ကောင်စီ ထောက်တိုင် ပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး လည်း ပါဝင်သည်ဟုဆိုသည်။

“ကြံ့ခိုင်ရေးရုံးနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ကြံ့ခိုင်ရေး ဦးဌေးမောင်ရဲ့ စားသောက်ဆိုင် အဲဒါတွေ မီးရှို့တာပေါ့။” ဟု ဒေသခံက ပြောသည်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဇန်နဝါရီ ၃၀ရက် ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၅ရက် နောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီမှ ခိုင်းစေမှုများကို ပြုလုပ်သည့် မည်သည့် အကြမ်းဖက် စစ်ကောင်စီ ဝန်ထမ်းကို မဆို နိုင်ငံတော် ပုန်ကန် သစ္စာဖောက်မှု ကြံရာပါ များ အဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။