Connect with us

Hi, what are you looking for?

News

မန္တ​လေး-မြင်းမူ-မုံရွာလမ်း နှင့် ထီး​ဆောင်း-အရာ​တော်လမ်းပိုင်းများသွားလာခြင်းမပြုရန် သတိ​ပေး

မြင်းမူ PDFအဖွဲ့က မိဘပြည်သူများ ၏လုံခြုံရေးအတွက် ဖြစ်ပါ၍ အထူးသတိပြု လိုက်နာပေးကြပါရန် တောင်းဆိုထားသည်။

(မုံရွာ-မန္တ​လေး လမ်းပိုင်းတွင် ၂၀၂၁ နှစ်ကိုန်ပိုင်းတွင်ဗုံး​ပေါက်ကွဲပြီးတိုက်ပွဲဖြစ်ပွား​နေ၍ ခရီးသွားပြည်သူများ၏ကားများ​စောင့်ဆိုင်း​ပေး​နေကြစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မန္တလေး-မြင်းမူ-မုံရွာလမ်းနှင့် ထီးဆောင်း-အရာတော်လမ်းပိုင်းများအား သွားလာခြင်းမပြုရန် မြင်းမူပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးကြေညာသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီမှစပြီး မိဘပြည်သူများ အနေဖြင့် မန္တလေး-မြင်းမူ-မုံရွာလမ်း၊ ထီးဆောင်း-အရာတော်လမ်းပိုင်းများအား နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်ချိန်ထိ သွားလာအသုံးပြုခြင်း လုံးဝ(လုံးဝ)မပြုကြပါရန်နှင့် လမ်းကြောင်းပေါ်ရှိနေပါက ရောက်ရာနေရာတွင် ရပ်နားထားပေးကြပါရန် မြင်းမူပြည်သူ့ကာကွယ်ရေးအဖွဲ့က အထူးသတိပေးကြေညာသည်။

(မုံရွာ-မန္တ​လေး လမ်းပိုင်းတွင် ၂၀၂၁ နှစ်ကိုန်ပိုင်းတွင်ဗုံး​ပေါက်ကွဲပြီးတိုက်ပွဲဖြစ်ပွား​နေ၍ ခရီးသွားပြည်သူများ၏ကားများ​စောင့်ဆိုင်း​ပေး​နေကြစဥ်။ဓါတ်ပုံ-CJ)

မြင်းမူ PDFအဖွဲ့က မိဘပြည်သူများ ၏လုံခြုံရေးအတွက် ဖြစ်ပါ၍ အထူးသတိပြု လိုက်နာပေးကြပါရန် တောင်းဆိုထားသည်။

အဆိုပါလမ်းပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ မကြာခဏမိုင်းဆွဲတိုကိခိုက်ခံရလေ့ရှိပြီး ယခုလက်ရှိတွင် ​အကြမ်းဖက်စစ်တပ်သည် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများအား ဝင်ရောက်အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။