Connect with us

Hi, what are you looking for?

News

ပြည်သူများ၏ရင်းနှီးပေးဆပ်ရမှုများ အချည်းနှီးမဖြစ်စေရဘဲ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားမည်ဟု NUG ကတိပြု

စစ်အာဏာသိမ်းမှု ၁ နှစ်တာအတွင်း ပြည်သူ ၁၅၁၀ ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သော ကလေးသူငယ် ၁၆ ဦးအပါအဝင် အရပ်သားပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

မြန်မာပြည်သူလူထု၏ ရင်းနှီးပေးဆပ်ရမှုများ အားလုံး အချည်းနှီးမဖြစ်စေရဘဲ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ (ဖေဖော်ဝါရီ ၄ ရက်)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ အာဏာရယူလိုမှုဇောတစ်ခုတည်းကို ရှေ့တန်းတင်ကာ အဆင်အခြင်မဲ့ မတရားအာဏာလုယူမှုအောက်တွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘ၀အသီးသီးမှာ အစစအရာရာ ချွတ်ခြုံကျ၍ မလုံခြုံမငြိမ်းချမ်းသော ဘ၀သို့ရောက်ရှိနေသည်မှာ နိုင်ငံတဝန်းဖြစ်စဉ်များက ထင်ထင်ရှားရှား မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ကျောက်ပန်းတောင်းမြို့မှ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်သည် မိမိကိုယ်ကိုမီးရှို့၍ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ရာ ယင်းနေ့တွင်ပင် ကျဆုံးခဲ့ ရသည်။

အထက်ပါ မိမိကိုယ်ကိုမီးရှို့ ဆန္ဒပြသည့်ဖြစ်စဉ်အပါအဝင် ပြည်သူလူထုသည် နည်းလမ်းပေါင်းစုံ ဖြင့် ဆန္ဒဖော်ထုတ်မှုများကို နေ့စဉ်မပြတ်လုပ်ဆောင်နေသော်လည်း အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဆန္ဒကို လျစ်လျူရှုကာ အကြမ်းဖက်လုပ်ရပ်များကိုသာ ဆက်လက်ကျူးလွန်နေဆဲ​ ဖြစ် သည်ဟု NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှု ၁ နှစ်တာအတွင်း ပြည်သူ ၁၅၁၀ ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သော ကလေးသူငယ် ၁၆ ဦးအပါအဝင် အရပ်သားပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

မြို့ရွာများ မီးရှို့ခံရမှု ၂၄၉ ကြိမ်ရှိခဲ့ပြီး ပြည်သူလူထု၏ အိမ်ခြေပေါင်း ၁၂၀၀ ခန့်နှင့် ပိုင်ဆိုင်မှု များ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု စာရင်းဇယားများကဖော်ပြနေကြောင်း NUG က ဆိုသည်။

ထိုသို့ ပြည်သူလူထု၏ ဆုံးရှုံးပျက်စီးရမှုများ၊ စွန့်လွှတ်အနစ်နာခံမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရက လွန်စွာကြေကွဲဝမ်းနည်းရပြီး အဆိုပါ ရင်းနှီးပေးဆပ်မှုအားလုံးကို အချည်းနှီး မဖြစ်စေရဟု ကတိပြုသည်။

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လည်း မြန်မာနိုင်ငံတဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်၊ စည်းစိမ်များကို နှောင့်ယှက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စု၏ လုပ် ရပ်များ အမြန်ဆုံးရပ်တန့်သွားနိုင်ရေး ထိရောက်သောလုပ်ဆောင်မှုများအမြန်ဆုံးအကောင် အထည်ဖော်ကြရန် NUG က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောက်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ထုတ်ပြန်သည်။

ဆောင်းပါး

စစ်အာဏာရှင်ကို​ ကဏ္ဍအသီးသီးမှ ​တော်လှန်​​နေကြ​တဲ့ ​တော်လှန်​ရေးသမား​တွေရဲ့ နှစ်သစ် ၂၀၂၅ အတွက်သတင်းစကားကို လူထု​နွေဦးက စုစည်း​​ဖော်ပြ​ပေးလိုက်ပါတယ် ။