Connect with us

Hi, what are you looking for?

News

ပြည်သူများ၏ရင်းနှီးပေးဆပ်ရမှုများ အချည်းနှီးမဖြစ်စေရဘဲ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားမည်ဟု NUG ကတိပြု

စစ်အာဏာသိမ်းမှု ၁ နှစ်တာအတွင်း ပြည်သူ ၁၅၁၀ ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သော ကလေးသူငယ် ၁၆ ဦးအပါအဝင် အရပ်သားပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

မြန်မာပြည်သူလူထု၏ ရင်းနှီးပေးဆပ်ရမှုများ အားလုံး အချည်းနှီးမဖြစ်စေရဘဲ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ (ဖေဖော်ဝါရီ ၄ ရက်)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ အာဏာရယူလိုမှုဇောတစ်ခုတည်းကို ရှေ့တန်းတင်ကာ အဆင်အခြင်မဲ့ မတရားအာဏာလုယူမှုအောက်တွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘ၀အသီးသီးမှာ အစစအရာရာ ချွတ်ခြုံကျ၍ မလုံခြုံမငြိမ်းချမ်းသော ဘ၀သို့ရောက်ရှိနေသည်မှာ နိုင်ငံတဝန်းဖြစ်စဉ်များက ထင်ထင်ရှားရှား မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ကျောက်ပန်းတောင်းမြို့မှ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်သည် မိမိကိုယ်ကိုမီးရှို့၍ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ရာ ယင်းနေ့တွင်ပင် ကျဆုံးခဲ့ ရသည်။

အထက်ပါ မိမိကိုယ်ကိုမီးရှို့ ဆန္ဒပြသည့်ဖြစ်စဉ်အပါအဝင် ပြည်သူလူထုသည် နည်းလမ်းပေါင်းစုံ ဖြင့် ဆန္ဒဖော်ထုတ်မှုများကို နေ့စဉ်မပြတ်လုပ်ဆောင်နေသော်လည်း အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဆန္ဒကို လျစ်လျူရှုကာ အကြမ်းဖက်လုပ်ရပ်များကိုသာ ဆက်လက်ကျူးလွန်နေဆဲ​ ဖြစ် သည်ဟု NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှု ၁ နှစ်တာအတွင်း ပြည်သူ ၁၅၁၀ ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သော ကလေးသူငယ် ၁၆ ဦးအပါအဝင် အရပ်သားပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

မြို့ရွာများ မီးရှို့ခံရမှု ၂၄၉ ကြိမ်ရှိခဲ့ပြီး ပြည်သူလူထု၏ အိမ်ခြေပေါင်း ၁၂၀၀ ခန့်နှင့် ပိုင်ဆိုင်မှု များ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု စာရင်းဇယားများကဖော်ပြနေကြောင်း NUG က ဆိုသည်။

ထိုသို့ ပြည်သူလူထု၏ ဆုံးရှုံးပျက်စီးရမှုများ၊ စွန့်လွှတ်အနစ်နာခံမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရက လွန်စွာကြေကွဲဝမ်းနည်းရပြီး အဆိုပါ ရင်းနှီးပေးဆပ်မှုအားလုံးကို အချည်းနှီး မဖြစ်စေရဟု ကတိပြုသည်။

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လည်း မြန်မာနိုင်ငံတဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်၊ စည်းစိမ်များကို နှောင့်ယှက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စု၏ လုပ် ရပ်များ အမြန်ဆုံးရပ်တန့်သွားနိုင်ရေး ထိရောက်သောလုပ်ဆောင်မှုများအမြန်ဆုံးအကောင် အထည်ဖော်ကြရန် NUG က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook